သူမတို့တစ်မိသားစုလုံးနဲ့ရုပ်ချင်းတော်တော်တူလာပြီဖြစ်တဲ့ သားလေးရဲ့ချစ်စရာပုံရိပ်လေးတွေကိုပြသလာတဲ့ ဗီဗာဟိန်း

0
28




































Source: Viva Rkar’s fb

Credits

ပရိသတ်ကြီးတို့ရေ အဆိုတော်ဗိုဟိန် း ကတော့ အနုပညာ သက်တမ်း တစ်လျှောက်မှာမြူးမြူးကြွကြွ သီချင်းတွေကို သီဆိုရင်း အောင်မြင်ကျော်ကြားတဲ့ သီချင်းများစွာနဲ့အတူ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။ဗီဗာဟိန်းကတော့ အနုပညာရှင်ေ တွဖြစ်ကြတဲ့အဆိုတော် ဗိုလ်ဟိန်းနဲ့ အဆိုတော်ဗိုလ်မဆိုတဲ့တေးသံရှင်တွေရဲ့ မျိုးဆက်သစ်အဆိုတော်တစ်ဦးပဲဖြစ်ပြီး rap အဆိုတော်ရှိုင်းလင်းအောင်ရဲ့ညီမလေးလည်းဖြစ်ပါတယ်နော်။ဗီဗာဟိန်း ကတော့ မိသားစုတွေ ဆုံးရှံးပြီးနောက်ပိုင်းမှာတော့ ကိုယ်တိုင်ရပ်တည်ဖို့ အတွက် အွန်လိုင်းမှာလည်း ဈေးရောင်းရင်းရပ်တည်နေတဲ့အပြင် လွန်ခဲ့တဲ့ လပိုင်းလေးတုန်းကတော့ ဗီဗာဟိန်းတစ်ယောက် ချစ်သူနဲ့ရွေလက်တွဲပြီးပျော်ရွင်စွာနေထိုင်နေတာဖြစ်ပါတယ်နော်..




လတ်တလောမှာတော့ မကြာသေးခင်ကမွေးဖွားထားတဲ့ သားလေးကို ဂရုစိုက်စောင့်ရှောက်နေတာပဲဖြစ်ပါတယ်။ဗီဗာဟိန်းဟာ သူမရဲ့သားလေးဗိုလ်အာကာဟိန်းကို သြဂုတ်လ (၁၈) ရက်နေ့က မွေးဖွားထားခဲ့တာဖြစ်ပြီး သားလေးဟာ အခုဆိုရင် ရက်(၂၀) ကျော်အရွယ်သာရှိသေးတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဗီဗာဟိန်းက တစ်နေ့ထက်တစ်နေ့ ကြီးပြင်းလာခဲ့ပြီး ဖေဖေ၊ မေမေ၊ ဘိုးဘိုး၊ ဘွားဘွားနဲ့ ရုပ်ချင်းတူလာခဲ့တဲ့ သားလေးဗိုလ်အာကာဟိန်းရဲ့ ပုံရိပ်လေးကို မျှဝေပေးလာခဲ့တာကို တွေ့ရပါတယ်။




ဗီဗာဟိန်းကတော့ သူမရဲ့မိဘနှစ်ပါးနဲ့ အစ်ကိုကိုဆုံးရှုံးပြီးနောက်မှာတော့ လူ့လောကကြီးထဲဝင်ရောက်လာခဲ့တဲ့ သားလေးဗိုလ်အာကာဟိန်းကို သံယောဇဉ်ကြီးကြီးမားမားတွယ်လာခဲ့တာပဲဖြစ်ပါတယ်။ သားသာလေး ဗိုလ်အာကာဟိန်းလည်း ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာပြီး ဖေဖေ၊ မေမေ အားကိုးရတဲ့ သားလှရတနာလေးဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Viva Rkar’s fb

Credit