အသင်းကို အကောင်းဆုံး ပံ့ပိုးနိုင်ဖို့ သူကစားလိုတဲ့ နေရာကို ထုတ်ပြောလိုက်တဲ့ အဲရစ်ဆင်
|Manchester United အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ဘရန့်ဖို့ဒ် အသင်းအတွက် ခြေစွမ်းပြ ကစားပေးခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ဒိန်းမတ် လက်ရွေးစင် ကွင်းလယ် ခရစ္စတီယံ အဲရစ်ဆင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်၊ ဒါဟာ သတင်းသုံးသပ်တွေနဲ့ ပရိသတ်တွေအတွက် ဝေဖန််ချင်စရာ ဖြစ်ခဲ့ပါသေးတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ အဲရစ်ဆင်ဟာ အသက်အရွယ် ကြီးလာပြီ ဖြစ်သလို ဒိန်းမတ်အတွက် ကစားပေးခဲ့စဥ်က နှလုံးရောဂါ အခံလည်း ရှိခဲ့တာကြောင့် ဖြစ်ပါတယ်၊ ဒါ့ကြောင့် အသက် 30 အရွယ် ရောဂါအခံ ရှိသူကို ခေါ်ယူတာက အသင်းကို တစ်ဆင့်နှိမ့်ချခြင်းပဲလို့ သုံးသပ် ဝေဖန်သူတွေ များခဲ့ကြပါတယ်၊ ဒါ့အပြင် အဲရစ်ဆင်ဟာ အရန်လူ အဖြစ်သာ နေခွင့်ရလိမ့်မယ်လို့ ပြောဆိုသူတွေလည်း များပြားခဲ့ပါသေးတယ်။
ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်က ဝေဖန်သံတွေကို ဂရုစိုက်ဘဲ အဲရစ်ဆင်ကို ပွဲစဥ် (၁) ကတည်းက ပွဲထွက် ကစားသမားအဖြစ် အံ့ဖွယ်အသုံံးပြုသွားခဲ့ပါတယ်၊ အဲ့ဒီနောက် အဲရစ်ဆင်ကလည်း ထင်မှတ််ထားတာထက် ပိုမို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်၊ ကိန်းဂဏန်းတွေ အရ အဲရစ်ဆင်ဟာ
မန်ချက်စတာ ယူနိုက်တက် အတွက် ပွဲစဥ် ၆ ပွဲ ကစားပြီးချိန်မှာ ဖန်တီးမှု တစ်ကြိမ်မျှပဲ လုပ်ဆောင်ထားနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်၊ ဒါပေမယ့် ကွင်းအတွင်း စွမ်းဆောင်ရည်ကတော့ အသင်းရဲ့ ကစားကွက်ကို ပိုပြီးထူးကဲစေနိုင်ခဲ့ပါတယ်၊
ပုံမှန်အားဖြင့်တော့ အဲရစ်ဆင် ဆိုတာ ကွင်းလယ် ဖန်တီိးရှင်၊ တောင်ပံ တိုက်စစ် နေရာတွေမှာ ကစားတာ များခဲ့ရပါတယ်။
ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် မှာတော့ ကွင်းလယ် ခံစစ်ကစားသမား အဖြစ် ကစားပေးရတာ များခဲ့ပါတယ်၊ အခုတော့ ဒိန်းမတ်သားက ဘယ်နေရာမှာ ကစားရတာ နှစ်သက််သလဲ ဆိုတာကို ထုတ်ပြောလိုက်ပါတယ်၊ ကျွန်တော် ကစားရတာ ကောင်းပြီးရင်း ကောင်းသလို ခံစားလာခဲ့ရပါတယ်။
ကျွန်တော်ဟာ ပထမဆုံး ၃ ပွဲ အတွင်း နေရာစုံ ကစားပေးခဲ့ရပါတယ်၊ ဒါပေမယ့် အခုတော့ တူညီတဲ့နေရာ တစ်ခု ကွင်းလယ်ခံစစ်မှာ ကစားရင်း ပိုပြီးတိုးတက်အောင် လုပ်ဆောင်နေခဲ့ရပါတယ်၊ ယေဘုယျအားဖြင့် အသင်းဟာ ပိုကောင်းအောင် ကစားနိုင်ခဲ့တယ်လို့ ထင်မိပါတယ်၊ ကျွန်တော် တစ်ဦးထဲ မဟုတ်ပါဘူး လူတိုင်းပါပဲ။
အရန်ခုံပေါ်က ရောက််လာတဲ့ သူတွေလည်း သူတို့ ပါဝင်ခွင့် ရရှိတဲ့ အချိန်တွေမှာ အကောင်းဆုံး ကစားနိုင်ဖို့ ကြိုးစားခဲ့ကြတာချည်းပါပဲ၊ အဲ့ဒီထဲမှာတော့ ကျွန်တော်ဟာ ဘောလုံးကိုင် ကစားခွင့်တွေကို အခြားသူတွေထက် ပိုရခဲ့ပြီး ပြေးလွှား ကစားခွင့်တွေ ပိုင်ဆိုင်ခဲ့ရပါတယ်၊ ကျွန်တော်ဟာ ဘောလုံးနဲ့ နီးကပ််စွာ နေရတာမျိုး၊ ဘောလုံးဆွဲပြေးပြီး တိုက်စစ်လမ်းကြောင််း ဖွင့်ပေးရတာမျိုးကို နှစ်သက်သူ တစ်ဦးပါ။
မန်နေဂျာက ကစားစေလိုတဲ့ နေရာတိုင်းမှာ ကျွန်တော် ကစားပေးမှာပါ၊ ဒီပွဲမှာ ဒီလို ကစားသင့်တယ်လို့ သူဆုံးဖြတ််ရင် ကျွန်တော် အံဝင်အောင် ကြိုးစားရမှာပါပဲ၊ တစ်နေရာထဲမှာ ကျွန်တော် ပိတ်လှောင် မနေချင်ပါဘူး၊ ဒါပေမယ့် အခု ကစားရတဲ့ နေရာမှာတော့ ကျွန်တော် သက်သောင့်သက်သာ ဖြစ်တယ်လို့ ခံစားရပါတယ်။ လို့ အဲရစ်ဆင်က ဆိုလိုက်ပါတယ်။
credit