ကမ္ဘာ့အကောင်းဆုံး ကစားသမားကို ရွေးချယ်ပေးလိုက်တဲ့ အန်တိုနီ
|(၁)
England လက်ရွေးစင် နည်းပြ ဂါးရက်စ် ဆောက်ဂိတ် က လက်ရွေးစင် အသင်းမှာ ဟယ်ရီ မက်ဂွိုင်းယား အတွက် နေရာ အခိုင်မာ ရှိကြောင်းကို ယခုလို ဖွင့်ထုတ် ပြောကြားသွားခဲ့ပါတယ်။ ဂါးရက်စ် ဆောက်ဂိတ်က- ကျွန်တော် ဟယ်ရီ မက်ဂွိုင်းယား ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး စိတ်ပူမှု လုံးဝ မရှိပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ သူက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံ ကစားသမား တဦးပါ၊ သူ ပွဲထွက်ခွင့် မရတာကလည်း
နိုင်ငံအသင်းမှာ ရွေးချယ်ခွင့် အတွက် အနှောင့်ယှက် မဖြစ်ပါဘူး၊ နောက်ပြီး စိုးရိမ်စရာလဲ မလိုပါဘူး၊ ကျွန်တော်က အကောင်းဆုံးကစား သမားတွေကိုပဲ ရွေးချယ်တာကြောင့်ပါ၊ လို့ England လက်ရွေးစင် အသင်း နည်းပြက ဟယ်ရီ မက်ဂွိုင်းယား အတွက် မန်ချက်စတာ ယူနိုက်တက် မှာ ပွဲထွက်ခွင့် မရလည်း လက်ရွေးစင်း အသင်းမှာ နေရာအဆင်သင့် ရှိကြောင်း ထုတ်ပြောလိုက်တာပဲ ဖြစ်ပါတယ်။
(၂)
Forbes ရဲ့စာရင်း ထုတ်ပြန်ချက် အရ လက်ရှိ ကမ္ဘ့ာ တန်ကြေး အမြင့်ဆုံး ဘောလုံးအသင်း (8) သင်း စာရင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းက အဆင့် ၃ နဲ့ $ 5.6 B ရပ်တည်ခဲ့ကြောင်း သိရှိရပါတယ်။
အဆင့် (၁) က ရီးရဲလ်မက်ဒရစ် အသင်း ဖြစ်ပြီး $ 5.1 B ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်၊ အဆင့် (၂) ကတော့ ဘာစီလိုနာအသင်း ဖြစ်ပြီး $ 5 B၊ အဆင့် (၄) က လီဗာပူး $4.45B ၊ အဆင့် (၅) ကတော့ ဘိုင်ယန်မြူးနစ် $4.28B၊ အဆင့် (၆) မှာ ရပ်တည်ခဲ့တာကတော့ $4.25B နဲ့ မန်စီးတီး ဖြစ်ပါတယ်၊ အဆင့် (၇)/(၈) ကတော့ PSG နဲ့ ချဲလ်ဆီး ဖြစ်ပြီး PSG က $3.3B၊ ချဲလ်ဆီးက $3.1B ဖြစ်ပါတယ်။
(၃)
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသက် (30) အရွယ် အသင်းလက်မဲ့ ဖြစ်နေတဲ့ တချိန်က စပို့တင်းလစ္စဘွန်း၊ PSV နဲ့ အက်သလက်တီကို မက်ဒရစ် ညာနောက်ခံလူ ဆန်တီယာဂို အာရီယစ် ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ Fox Sp သတင်းဌာနက အတည်ပြု ဖော်ပြသွားခဲ့ပါတယ်။
(၄)
နယ်သာလန် ကလပ် အေဂျက်စ် အသင်းကနေ ပြောင်းရွှေ့လာတဲ့ အန်တိုနီ က ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ယခုလို မှတ်ချက်ပြု ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။ အန်တိုနီက- ခရစ္စတီယာနို ရော်နယ်ဒို ဆိုတာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်တယ် ဆိုတာ စကားနဲ့တောင် ဖော်ပြလို့ မရနိုင်ပါဘူး၊ ပြီးခဲ့တဲ့ ရက် အနည်းငယ်လောက်တုန်းက သူ့ဆီကနေ ကျွန်တော် သင်ယူ လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကျွန်တော်တို့ဆီမှာ ကောင်းမွန်တဲ့ တိုက်စစ် အပိုင်းကို ပိုင်ဆိုင်ထားပါတယ်၊ ဒါနဲ့ ပေးတဲ့ ကတိ အတိုင်း အကောင်းဆုံး လုပ်ပြနိုင်ဖို့ပဲ လေ့လာရတော့မယ်၊ ကျွန်တော်ကတော့ ကစားပေးတဲ့ အသင်းတိုင်းကို အကောင်းဆုံး ဖျော်ဖြေပြီးတော့ပဲ ကစားပါတယ်။ ကျွန်တော်ကလေးဘဝ ကတည်းက ဒါမျိုးပဲ ကစားခဲ့ပါတယ်၊ ဒါမျိုး ကစားရတာကို ကျွန်တော် အမြဲတမ်း နှစ်သက်သလို ရှေ့ဆက်ပြီး ကြိုးစားသွားပါမယ်လို့လည်း ကတိပြုပါတယ်။
credit