ပင်နယ်တီ နဲ့ ယူရိုပါလိဂ် အရှုံးကို ဖွင့်လစ်ခဲ့ရတဲ့ အပေါ် ဒိုင်နဲ့ VAr ရဲ့ ဆုံးဖြတ်ချက်ကို တုန့်ပြန် မှတ်ချက်ပေးလိုက်တဲ့ တန်ဟက်ဂ်
|အဲရစ် တန်ဟက်ဂ် အတွက်တော့ မန်ချက်စတာ ယူနိုက်တက် နဲ့ စတင်တဲ့ အရာတိုင်းဟာ အရှုံးနဲ့ အရင် ဖွင့်ရမယ်လို့ သတ်မှတ်ထားတယ်လို့တောင် ဆိုရမှာပါ၊ ပရီးမီးယားလိဂ် ကို အရှုံးနဲ့ စဖွင့်ခဲ့ရသလို အခုလည်း ယူရိုပါလိဂ် အဖွင့်မှာ ရှုံး စတင်ခဲ့ရပြန်ပါပြီ။ ခြေစမ်းပွဲ မှာတော့ အနိုင်နဲ့ စဖွင့်တယ်လို့ ဖြေသိမ့်ရမလိုပါပဲ၊ မန်ချက်စတာ ယူနိုက်တက် ဟာ ယမန်နေ့ ညက ရီးရဲ ဆိုဆီဒက် အသင်းကို အိုးထရက်ဖိုဒ့် မှာ လက်ခံ ကစားခဲ့ရပါတယ်၊ ၄-၂-၃-၁ နဲ့ ပွဲထွက်လာခဲ့ပြီး အထောင်တိုက်စစ်မှာ ခရစ္စတီယာနို ရိုနယ်ဒို ဦးဆောင်စေခဲ့တာပဲ ဖြစ်ပါတယ်။
ဘယ် / ညာ တောင်ပံတွေမှာ အန်တိုနီက ညာကို တာဝန်ယူခဲ့ပြီး အီလန်ဂါက ဘယ်ခြမ်းကို တာဝန်ယူ ပွဲထွက်ခဲ့ပါတယ်၊ ဖရက်ဒ်ကိုတော့ ကွင်းလယ် တိုက်စစ်သမား နေရာမှာ ပွဲထုတ်ခဲ့ပြီး အားလုံးကို ပါးစပ် အဟောင်းသား ဖြစ်စေခဲ့ပါတယ်။ ကွင်းလယ် အထိုင်မှာ အဲရစ်ဆင်နဲ့ ကတ်စ်မဲရိုး တို့ ပါခဲ့ပြီး ခံစစ် ၄ ယောက်တန်းမှာတော့ ဒါးလော့၊ မာလာစီယာ၊ လင်ဒီလော့ဖ်နဲ့ ဟယ်ရီ မက်ဂွိုင်းယား တို့ကို တာဝန်ယူစေခဲ့ပါတယ်၊ ဂိုးသမား နေရာမှာတော့ ဒါးဗစ် ဒီဂီယာ ကိုပဲ အသုံးပြုစေခဲ့ပါတယ်။
ရီးရဲလ် ဆိုဆီဒက် ဘက်မှာတော့ အူမာ၊ ဒေးဗစ် ဆေးဗား၊ ကူဘို တို့နဲ့ လူစုံထုတ်သုံးခဲ့ပြီး ပွဲက အရမ်း ပျင်းစရာ မကောင်းသလို အရမ်းကြီးလည်း စိတ်ဝင်စားဖို့ မကောင်းခဲ့ပါဘူး၊ မန်ချက်စတာ ယူနိုက်တက် ခြေကလည်း ဘရိုက်တန်၊ ဘရန့်ဖိုဒ့် တို့နဲ့ ပွဲတွေ ကလောက် စုတ်ပြတ်သတ်နေတာမျိုး မဟုတ်ဘဲ ဆိုဆီဒက်ကို ထိုးဖောက် တိုက်စစ်ဆင် နိုင်ခဲ့ပါတယ်။ မာတီနက်ဇ်ကြောင့် ပေးလိုက်ရတဲ့
ပင်နယ်သီကတော့ တော်တော်လေးကို ဝေဖန်ချင်စရာ ကောင်းနေပြီး ခြေထောက်ထိပြီးမှလက်ထိခဲ့တာပါ၊ ဒါကို ဒိုင်က ပင်နယ်သီ ပေးခဲ့သလို varကို ပြန်ကြည့်တော့လည်း ပင်နယ်သီ ပေးခဲ့ပါတယ်၊ ဒိုင်ကတော့ မာတီနက်ဇ်ရဲ့ ခြေထောက်နဲ့ ထိပြီး လမ်းကြောင်း ပြောင်းသွားတဲ့ ဘောလုံးက ဂိုးထဲကို တန်းနေတာကြောင့် လက်နဲ့ ထိတာကို ပင်နယ်သီ ပေးခဲ့တာလို့ တုန့်ပြန် ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ အိမ်ကွင်းမှာ ဆိုစီဒတ်ကို ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်သွားပြီး ယူရိုပါလိဂ် အဖွင့်မှာပဲ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲရစ် တန်ဟက်ဂ် ကတော့ ပွဲပြီး အင်တာဗျူးမှာ ပင်နယ်တီ နဲ့ ပက်သက်ပြီး ကျွန်တော့ အတွက် စိတ်မသက် မသာ ဖြစ်စေပါတယ်၊ ဒါက မဖြစ်သင်ခဲ့ပါဘူးလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
credit