နည်းပြနဲ့ ပြသနာတက်တဲ့ အကြောင်း ထုတ်ပြောလာတဲ့ မာရှယ်
|မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း မော်ရင်ဟိုဟာ သူ့အပေါ် လေးစားမှု မရှိခဲ့ဘူးလို့ တိုက်စစ်မှူး အန်သိုနီမာရှယ်က ထုတ်ဖော် ပြောဆိုမှုတွေ ပြုလုပ်လိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် နည်းပြအဖြစ် တာဝန်ယူချိန်မှာ သူတို့နှစ်ဦးကြား ပြသနာတွေ ဖြစ်ပွားခဲ့ပြီး မာရှယ်က ပုံမှန်နေရာပါ ပျောက်ဆုံးခဲ့ရကာ အဆင်မပြေမှုတွေလအားလုံးက ကျောနံပါတ်ကြောင့် ဖြစ်ခဲ့ရတာလို့ ပြင်သစ် တိုက်စစ်မှူးက ပြောဆိုခဲ့ပါတယ်။
ဂျိုဆေး မော်ရင်ဟိုနဲ့ ကျနော့်ကြား ပြသနာတွေက ကျောနံပါတ်နဲ့ စခဲ့တာပါ၊ အားလပ်ရက်ရတဲ့ အချိန်တွေအတွင်းမှာ သူက ကျနော့်ကို နံပါတ် ၁၁ ယူချင်လားလို့ မက်ဆေ့ချ်ပို့ပြီး မေးတယ်၊ ဒါက ရိုင်ယန်ဂစ်လို ဂန္ထဝင် ကစားသမား ဝတ်ဆင်ခဲ့တာမို့ အရမ်းကောင်းတဲ့ နံပါတ် ဖြစ်တယ်ဆိုပြီး ရှင်းပြတယ်၊ ရိုင်ယန်ဂစ်ကို ကျနော် လေးစားမှုရှိတဲ့ အကြောင်း သူ့ကို ကျနော်ပြောပြခဲ့တယ်။
ဒါကြောင့် ကျနော့်နံပါတ် ၉ ပဲ ဆက်ယူချင်တယ်လို့ ပြောခဲ့တယ်၊ အသင်းကို ကျနေ ာ်ပြန်ရောက်ချိန်မှာ ကျနော့် ဂျာစီ နံပါတ်က ၁၁ ဖြစ်နေပြီ၊ ဒီဇာတ်လမ်းတွေက ကောင်းကောင်း စတင်ခဲ့တာ မဟုတ်တော့ဘူး၊ သူက ကျနော့်ကို လေးစားမှု မရှိခဲ့ဘူး၊ ၂၀၁၇ / ၁၈ ရာသီမှာ ကျနော်က အသင်းအတွက် ရာသီဝက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နေခဲ့တာ။
ဒါပေမယ့် သူ အလက်ဆစ် ဆန်းချက်ဇ်ကို ခေါ်ခဲ့တယ်၊ ကျနော်လည်း ဒီထက်ပိုပြီးတော့ မကြိုးစားနိုင်တော့ဘူးလေ၊ ကမ္ဘာ့ဖလားအချိန်လည်း ဖြစ်နေပြီး ကျနော် ပေးဆပ်ခဲ့ရတာ ကြီးမားလွန်းပါတယ်၊ ကျနော် ပြင်သစ်နဲ့အတူ ရုရှားမှာ ရှိနေခဲ့သင့်ရမှာပါလို့ မာရှယ်က France Football ကို ပြောဆိုခဲ့ပါတယ်။
မော်ရင်ဟို ထွက်ခွာသွားပြီးနောက် မာရှယ်က ၂၀၁၉/၂၀၂၀ ရာသီမှာ အကောင်းဆုံး ခြေစွမ်း ပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် သွင်းဂိုး ၁၇ ဂိုး အထိ ရရှိခဲ့ပါတယ်၊ ယူရိုပါလိဂ်မှာလည်း ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် အဲဒီ နောက်ပိုင်းမှာ ခြေစွမ် းပြန်ပျောက်သွားခဲ့လို့ ပြီးခဲ့တဲ့ရာသီမှာ ဆီဗီလာကို အငှားနဲ့ ထွက်ကစားခဲ့ရပြီး ဒီရာသီမှာ အဲရစ် တန်ဟက်ဂ် ရောက်လာမှုနဲ့ အတူ
သူ့ကို အဓိက တိုက်စစ်မှူး အဖြစ် အသုံးပြုဖို့ ရည်ရွယ်ခဲ့ပါတယ်၊ ရာသီကြို ခြေစမ်းပွဲတွေမှာ မာရှယ်က ခြေစွမ်း ပြနိုင်ခဲ့လို့ ပုံမှန် ကစားခွင့်ရဖို့ ရှိပေမယ့် လက်ရှိမှာ ဒဏ်ရာကြောင့် အနားယူနေရပါတယ်၊ မာရှယ်ကတော့ လိုင်ယွန် လူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့ပြီးနောက် မိုနာကိုအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်း ပြနိုင်ခဲ့လို့ မန်ချက်စတာ ယူနိုက်တက် က ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ မာရှယ်ဟာ မန်ချက်စတာ ယူနိုက်တက် ကို ၂၀၁၃ မှာ ရောက်ရှိလာခဲ့ပြီး ပွဲပေါင်း ၁၀၀ ကျေ ာ်ကစားပေးထားကာ ၅၆ ဂိုး သွင်းယူပေးထားပါတယ်။
credit