ဒီရာသီမှာ ဂိုး 20 လောက် လွယ်လွယ် သွင်းယူသွားမယ့် ကြယ်တစ်ပွင့်ကို ထုတ်ပြောလိုက်တဲ့ တန်ဟက်ဂ်

ဒီရာသီမှာ ဂိုး 20 လောက် လွယ်လွယ် သွင်းယူသွားမယ့် ကြယ်တစ်ပွင့်ကို ထုတ်ပြောလိုက်တဲ့ တန်ဟက်ဂ်



အေဂျက်စ် အသင်းမှာတုန်းက အဲရစ် တန်ဟတ်ဂ် ဟာ အန်တိုနီ ကို ပိုကောင်းတဲ့ ‌ကစားသမား ဖြစ်လာအောင် အဓိက ကူညီခဲ့ပြီး လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းမှာလည်း မားကပ်စ် ရက်ရှ်ဖို့ဒ် နဲ့ ပတ်သက်ပြီး အဲရစ် တန်ဟက်ဂ် က သူ့ အနေနဲ့ များစွာ မျော်လင့်ထားကြောင်း ပြောဆိုလိုက်ပါတယ်။




အေဂျက်စ်မှာတုန်းက အန်တိုနီ နဲ့ အဲရစ် တန်ဟက်ဂ် ရဲ့ ဆက်ဆံရေးဟာ ကွင်းတွင်း ကွင်းပြင်မှာ အခြား ကစားသမားတွေထက် ပိုမို ကောင်းမွန်ခဲ့ပြီး ယခု မန်ချက်စတာ ယူနိုက်တက် မှာလည်း ရက်ရှ်ဖို့ဒ် နဲ့ တန်ဟက်ဂ် ရဲ့ဆက်ဆံရေးဟာ အခြား ကစားသမားတွေထက် သာလွန် ကောင်းမွန်နေတယ်လို့ လေ့ကျင့်ရေး အသိုင်းဝိုင်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။




အဲရစ် တန်ဟက်ဂ် က ရက်ရှ်ဖိုဒ့် ဟာ ဒီရာသီမှာ ဂိုး 20 လောက်ကို လွယ်လွယ် သွင်းယူနိုင်မယ့် ကစားသမား တစ်ဦး ဖြစ်လာမယ်လို့ အခိုင်အမာ ဆိုသွားခဲ့တာပါ၊ ဒါကြောင့်လည်း နဂို အရည်ချင်းရှိတဲ့ ကစားသမားမို့ အဲရစ် တန်ဟက်ဂ် က ကွင်းတွင်း စွမ်းဆောင်ရည် တချို့ကို ပိုမို ပေါက်ကွဲ အားကောင်းလာဖို့ အတွက်




တိုက်စစ် နည်းပြ မက်က္ကလာရင်ကို ခေါ်ယူပေးခဲ့တဲ့ အပြင် သူကိုယ်တိုင်ကလည်း ရက်ရှ်ဖို့ဒ် အတွက် အစီစဥ်် ကောင်းတွေနဲ့ ပတ်သက်ပြီး အမြဲမျှဝေ လေ့ကျင့်ခိုင်းနေသူ ဖြစ်ပါတယ်၊ ကစားသမား ကိုယ်တိုင်ကလည်း နည်းပြရဲ့အစီစဥ်တွေနဲ့ ပတ်သက်ပြီး ကျေနပ်ပျော်ရွင်နေကြောင်း သိရပြီး ဒီရာသီ မန်ချက်ချက်စတာ ယူနိုက်တက် အသင်းမှာ ရက်ရှ်ဖိုဒ်ဟာ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာလိမ့်မယ်လို့လည်း ဘောလုံး ဝေဖန်သုံးသပ်သူများက ဆိုပါတယ်။

credit