အသင်းရဲ့ အခြေအနေနဲ့ ကွင်းလယ်ရဲ့ ပဲ့ကိုင်ရှင်ကို ရွေးချယ် ချီးကျူးလိုက်တဲ့ အဲရစ်ဆင်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ဖန်တီးရှင် ဖြအဲရစ်ဆင်က အသင်းရဲ့ ရလဒ်တွေ ပြန်လည် ကောင်းမွန်လာခြင်း အတွက် ကွင်းလယ် ခံစစ် ကစားသမား ဖြစ်သူ မက် တော်မီနေး ဟာ ဂုဏ်ထူးမှတ်နဲ့ ထိုက်တန်ကြောင်း ထုတ်ပြောလိုက်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2022/23 ရာသီိ စတင်တဲ့ အခါမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ နှစ်ပွဲဆက် ရုန်းကန်ခဲ့ရပါတယ်၊ ဒါပေမယ့် အဲ့ဒီနောက်မှာတော့ လေးပွဲဆက်တိုက် နိုင်ပွဲ ပြန်လည် ရယူနိုင်ခဲ့ပြီး အမှတ််ပေးဇယား အထက်ပိုင်းကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲစဥ် 4 ပွဲမှာတော့

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ခံစစ် နေရာမှာ အဲရစ်ဆင်ဟာ မက် တော်မီနေး နဲ့အတူ ပွဲထွက် ကစားခွင့်တွေ ရရှိခဲ့ပြီး လက်တွေမှာ တကယ်ပယလည အလုပ်ဖြစ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ရဲ့ ကွင်းလယ် ကစားပုံကလည်း အရင်ထက် ပိုကောင်းလာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။




အဲ့ဒီနောက် ရီးရဲလ်ဆိုဆီဒက်နဲ့ ပွဲစဥ်မှာတော့ အဲရစ်ဆင်ဟာ ကတ်စ်မဲရိုး၊ ဖရက်ဒ် တို့နဲ့ တွဲဖက် ကစားခဲ့ရပြီး စိတ်ပျက်ဖွယ် ရှုံးပွဲ ကြုံတွေ့ခဲ့ရပါတယ်၊ အခုတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ကြားပွဲ အဖြစ် ယူရိုပါလိဂ်မှာ ရှရစ်ဖ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်၊ ဒီပွဲမှာတော့




မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်တက်ဂ် ဟာ တော်မီနေးနဲ့ အဲရစ်ဆင် ကို ပွဲထွက် ကစားသွားဖို့ ရှိနေပြီး အဲရစ်ဆင် ကလည်း အသင်းဖော် တော်မီနေးဟာ ဂုဏ်ထူးမှတ်နဲ့ ထိုက်တန်တဲ့ အမေ့လျော့ခံ သူရဲကောင််း ဖြစ်ကြောင်း ချီးကျူး‌ ပြောဆိုသွားခဲ့ပါတယ်။

စကော့ ကောင်းမွန်စွာ ကစားပေးခဲ့တယ်လို့ ထင်ပါတယ်၊ ဒါကို ပွဲစဥ်တွေမှာ ခင်ဗျားတို့လည်း မြင်တွေ့ခဲ့ကြမှာပါ၊ အစပိုင်း ပွဲစဥ် အချို့မှာ ကျွန်တော်တို့ တစ်ဦးကို တစ်ဦး လိုက်ကြည့်နေခဲ့ကြပါသေးတယ်၊ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ကြား ကောင်းမွန်တဲ့ ချိတ်ဆက်မှု တစ်ခု ရှိနေပြီလို့ ထင်မိပါတယ်။




ဘယ်အချိန်မှာ သူ ဘယ်နေရာ ရှိနေမလဲ ဆိုတာနဲ့ ပတ်သက််လို့ ကောင်းမွန်တဲ့ ခံစားချက်တွေ ပိုင်ဆိုင်နေပါပြီ၊ ဒီအတွက် နည်းပြရဲ့ ညွှန်ကြားချက်ကလည်း အရေးပါလှပါတယ်၊ သူက ဘယ်အချိန် ဘယ်လို နေရာယူ ကစားရမလဲ ဆိုတာမျိုး သေချာ ညွှန်ကြားပေးခဲ့ပါတယ်။

ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ပူးပေါင်း ကစားမှုအပေါ် ဦးစား အာရုံစိုက်ကြရပါ့မယ်၊ ပြီးရင် မန််နေဂျာ ဘယ်နေရာမှာ ရှိနေစေလိုသလဲ ဆိုတာ ကျွန်တော်တို့ အလေးထား လုပ်ဆောင်ကြရပါ့မယ်၊ အခုတော့ ကျွန်တော်တို့ရဲ့ ပူးတွဲမှုဟာ ကောင်းမွန်‌နေပြီလို့ ထင်မိပါတယ်။




နိုင်ပွဲ တစ်ပွဲ ရပြီးချိန် အနောက်ကို ပြန်လှည့်ကြည့်တဲ့ အခါမှာ ယုံကြည်မှုတွေ အားကောင်းနေတတ်ပါတယ်၊ ကျွန်တော်တို့ လုပ်ခဲ့တဲ့ အမှား အသေးအမွှားလေးတွေကို မေ့တတ်ပြီး ကောင်းတာတွေပဲ ထုတ်ယူတတ်ကြပါတယ်၊ ဘယ်လိုပဲ ဖြစ်ပါစေ ကျွန်တော်တို့ ဆက်လက် တိုးတက််နိုင်သေးတဲ့ နေရာတွေ အများကြီး ရှိနေပါသေးတယ်။ လို့ အဲရစ်ဆင်က ပြောကြားလိုက်ပါတယ်။

credit