နေမာ ရဲ့ ရှင်းလင်းချက် အရ ရော်နယ်ဒိုရော မက်ဆီရော ကမ္ဘာ့အကောင်းဆုံး ကစားသမား မဟုတ်ခဲ့ပါဘူး

0
91

လီဂူးဝမ်းထိပ်သီး ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာက မက်ဆီနဲ့ မက်ဆီရဲ့ ဂန္တဝင်ပြိုင်ဘက် ရော်နယ်ဒိုတို့ နှစ်ဦးစလုံးက ပါရမီရှင် ကစားသမားတွေ ဖြစ်ကြောင်း ထုတ်ပြောလိုက်ပါတယ်။




အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီနဲ့ ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒို တို့ဟာ ၂၁ ရာစုရဲ့ အကောင်းဆုံး ကစားသမား နှစ်ဦး ဖြစ်ပြီး သူတို့နှစ်ဦးဟာ ဘောလုံးလောကရဲ့ ခြွင်းချက်မရှိ အကောင်းဆုံးကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆယ်စုနှစ်တစု ပြည့်တဲ့အထိ ထိန်းသိမ်းထားနိုင်သူတွေ ဖြစ်ပါတယ်။




လက်ရှိမှာ မက်ဆီနဲ့ ရော်နယ်ဒို တို့က အသက်အရွယ်ကြောင့် အကောင်းဆုံးကစားသမား ဆိုတဲ့ နေရာကနေ ဖယ်ပေးလိုက်ရပေမယ့် ယခုချိန်ထိ သူတို့နှစ်ဦးရဲ့ ကျော်ကြားမှုနဲ့ စွမ်းဆောင်ရည်ကို ဘယ်ကစားသမာမှ လိုက်မမှီသေးပဲ ဘရာဇီးလ် အသင်းခေါင်းဆောင် တိုက်စစ်မှူး နေမာကတော့ မက်ဆီနဲ့ ရော်နယ်ဒို တို့ရဲ့နောက် ပြီးခဲ့တဲ့ ဆယ်စုနှစ်ရဲ့ တတိယမြောက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရသူပါ။




စွမ်းရည် မြင့်မားသလို သူမတူတဲ့ ခြေစွမ်းမျိုးတွေကို ပိုင်ဆိုင်ထားပေမယ့် နေမာက မက်ဆီနဲ့ ရော်နယ်ဒို တို့ နှစ်ဦးရှိနေတာကြောင့်သာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုနဲ့ လွဲချော်ခဲ့ရသူ ဖြစ်ပြီး နေမာကတော့ DAZN Football သတင်းဌာနရဲ့ ပြုလုပ်ခဲ့တဲ့ နောက်ဆုံး အင်တာဗျူးမှာ သူ့အတွက် မက်ဆီနဲ့ ရော်နယ်ဒို တို့ နှစ်ဦးဟာ ပါရမီရှင် ကစားသမားတွေ ဖြစ်ကြကြောင်း ချီးကျူးသွားခဲ့ပါတယ်။




DAZN Football သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အစီအစဉ် တင်ဆက်သူက နေမာကို သူ့ဘက်ကနေ ကစားသမား တယောက်ရဲ့ နာမည်ကို ပြောလိုက်ရင် အဲ့ဒီ ကစားသမားနဲ့ လိုက်ဖက်တဲ့ စာလုံးတလုံးကို ပြန်ပြောပြပေးဖို့ တောင်းဆိုခဲ့ပြီး အစီအစဉ် တင်ဆက်သူက မက်ဆီနဲ့ ရော်နယ်ဒို တို့ရဲ့ နာမည်ကို ပြောကြားခဲ့ချိန်မှာတော့

နေမာဟာ နှစ်ဦးစလုံးကို ပါရမီရှင်ဆိုတဲ့ စာလုံးတစ်လုံးထဲနဲ့ ဖြေကြားသွားခဲ့တာပဲ ဖြစ်ပါတယ်၊ နေမာက ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီနဲ့ အတူ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံမှာ ၈ ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉ ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၈ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

credit