ဇယားထိပ်မှာ ရပ်တည်နေတဲ့ အာဆင်နယ်ကို ဖြုတ်ချပြီး နံပါတ်တစ် နေရာကို ရယူသွားမှာ ဘယ်အသင်းလဲ ဆိုတာ ထုတ်ပြောလိုက်တဲ့ တန်ဟက်ဂ်

အာဆင်နယ် အသင်းကို အိုးလ်ထရက်ဖို့ဒ် မှာ ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး နောက် မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က အမှတ်ပေးဇယား ထိပ်ဆုံးကို ရောက်ရှိနေသင့်တာက သူတို့အသင်း ဖြစ်ပြီး အာဆင်နယ်မ ဟုတ်ဘူးလို့ ပြောဆိုခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။




အဲရစ် တန်ဟက်ဂ် က အသင်းတိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ရဲ့ ခြေစွမ်းကို ချီးကျူး အသိအမှတ် ပြုရင်းနဲ့ ပြောဆိုခဲ့တာလို့ မန်ချက်စတာ ယူနိုက်တက် သတင်းရင်းမြစ် တခုက The Sun ကို ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာ အဲရစ် တန်ဟက်ဂ် က မားကပ်စ် ရက်ရှ်ဖို့ဒ် ကို အသင်းတိုက်စစ်ပိုင်း ဦးဆောင်နိုင်မယ့်သူ အဖြစ် သတ်မှတ်ထားပြီး ဂိုးပေါင်း ၂၀ အထိ




သွင်းယူနိုင်လိမ့်မယ်လို့လည်း ယုံကြည်ထားကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုပါတယ်၊ ရော်နယ်ဒို ထက် ရက်ရှ်ဖို့ဒ် က အသင်းကို ပိုပြီး အကျိုးရှိစေတယ်လို့လည်း အဲရစ် တန်ဟက်ဂ် က ခံစားနေရကာ အင်္ဂလန်တိုက်စစ်မှူးနဲ့ တော်တော်လေးဆက်ဆံရေး ကောင်းမွန်နေတယ်လို့လည်း သိရပါတယ်။




အဲရစ် တန်ဟက်ဂ် က မားကပ်စ် ရက်ရှ်ဖိုဒ် ကို မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နံပါတ်တစ် တိုက်စစ်မှူး ဖြစ်စေချင်နေပြီး အသင်းတိုက်စစ်ကို ဦးဆောင်စေပြ မားကပ်စ် ရက်ရှ်ဖို့ဒ် ရဲ့ အရည်အသွေးနဲ့ ကမ္ဘာ့အကောင်းဆုံးထဲက တယောက် ဖြစ်လာဖို့လည်း ယုံကြည်နေပြီး ပြီးခဲ့တဲ့ ပွဲတွေက ခြေစွမ်းကိုလည်း အထင်ကြီးနေတယ်။




ဒီရာသီမှာ လွယ်လွယ်လေးနဲ့ ဂိုးပေါင်း ၂၀ အထိ မားကပ်စ် ရက်ရှ်ဖို့ဒ် သွင်းယူနိုင်မယ် ဆိုတာကို သူ ပြောပြောနေတာပဲ၊ သူတို့ကြားမှာ ဆက်ဆံရေးကောင်း ရှိနေပြီး မားကပ်စ်ကလည်း အရမ်းပျော်နေတယ်၊ အာဆင်နယ်ကို အနိုင်ယူပြီးနောက်မှာ အဲရစမ တန်ဟက်ဂ် က ဒါကမှ မန်ချက်စတာ ယူနိုက်တက် အစစ်




ငါတို့က ဇယားထိပ်ဆုံး ရောက်နေသင့်တာ၊ အာဆင်နယ် ရောက်နေရမှာ မဟုတ်ဘူးလို့ ပြောခဲ့သေးတယ်၊ သူတို့ရဲ့ ချန်ပီယံ မျှော်လင့်ချက်ကို ခြိမ်းခြောက်မယ့် တခုတည်းသောအရာက မန်စီးတီးလို့လည်း ခံစားနေရပြီး မန်စီးတီး ခြေချော်ရင် အခွင့်အရေး ယူနိုင်ဖို့လည်း ယုံကြည်နေကြတယ်။ လို့ အဆိုပါ သတင်းရင်းမြစ်က ဖွင့်ဟခဲ့ပါတယ်။

အဲရစ် တန်ဟက်ဂ် ကတော့ အသက် ၅၂ နှစ်အရွယ် ရှိနေပြီ ဖြစ်ပြီး နယ်သာလန် ကလပ်တွေမှာ ကစားခဲ့ဖူးတဲ့ ကစားသမားဟောင်း ဖြစ်ပါတယ်၊ နည်းပြဘ၀မှာတော့ သူက ဘိုင်ယန်မြူးနစ် အရန်အသင်းကို ကိုင်တွယ်ခဲ့ဖူးပြီး အုထရက်ချ်၊ အေဂျက်ဇ် တို့ကိုလည်း ကိုင်တွယ်ခဲ့ကာ အေဂျက်ဇ်နဲ့ အတူ ထင်ရှားကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်၊ အေဂျက်ဇ်နဲ့ နယ်သာလန် ပြည်တွင်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်ကို ၂၀၂၂ မှာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

credit