သဲရဲနီ စိတ်ဓတ် ဘယ်လိုထားရမယ်ဆိုတာ အသင်းဖော်တွေကို ထုတ်ပြောလိုက်တဲ့ အဲရစ်ဆင်
|(၁) ယခု တစ်ပတ် အတွင်း ပရီးမီးယားလိဂ် ပွဲစဥ်များ ပြန်လည် ကစားဖို့ ရှိကြောင်း Mirror သတင်းဌာနက အတည်ပြု ဖော်ပြသွားခဲ့ပါတယ်။ (၂) မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ လုရှောဟာ ခြေဖဝါး ဒဏ်ရာ ရရှိထားတာကြောင့် ပြီးခဲ့တဲ့ ပွဲစဥ် ၂ ပွဲ ၃ ပွဲကို လွဲချော်ခဲ့ခြင်း ဖြစ်ကြောင်း မန်ချက်စဝာ ယူနိုက်တက် က ဖော်ပြသွားခဲ့ပါတယ်။
(၃) တောင်ပံ ကစားသမား ဂျေဒန် ဆန်ချို နဲ့ တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ် နှစ်ဦးဟာ လာမည့် ကြာသပတေးနေ့မှာ ရွှေးချယ် ကြေညာမယ့် ဂါးရက် ဆောက်ဂိတ် ရဲ့ အင်္ဂလန်လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံရဖို့ ရှိကြောင်း သိရပါတယ်။
(၄) မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက် ၄ လမှာ ကစားသမားတွေ စာချုပ် သက်တမ်း ထပ်တိုး ချုပ်ဆိုရဖို့ ရှိနေပါတယ်။ ဂိုးသမား ဒေးဗစ် ဒီဂီယာ၊ လုရှော၊ ဒါလော့၊ မားကပ်စ် ရက်ရှ်ဖိုဒ်၊ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ ဖရက်ဒ် တို့ကို
စာချုပ်သက်တမ်း တိုးဖို့၊ မတိုးဖို့ အသင်းက စီစဥ်ရတော့မှာ ဖြစ်ပါတယ်၊ ကစားသမား အကုန်လုံးက တော့ လက်ရှိ စာချုပ်ထဲမှာ တစ်နှစ် သက်တမ်း တိုးခွင့် ပါရှိနေသူတွေ ဖြစ်ပါတယ်။ (၅) အဲရစ်ဆင်က မန်ချက်စတာ ယူနိုက်တက် နဲ့ ပတ်သက်ပြီး သရဲနီ စိတ်ဓါတ် ဆိုတာ ဘယ်လိုလဲ ရှင်းပြလိုက်ပါတယ်။
အသင်းတစ်ခုလုံးက အရမ်း အရေးကြီးပါတယ်၊ လူစားလဲမှု ငါးကြိမ်လုပ်ရတာ ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်၊ ဒါက ကစားသမား တော်တော်များများကို ဖိအားတွေ ပေးနိုင်ပြီး နည်းပြ အတွက်လည်း ရွေးချယ်စရာတွေ အများကြီး ပေးလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။
အကယ်ဒမီက ကောင်လေးတွေက သူတို့လုပ်ရတဲ့ အစီစဥ်တိုင်းကို ကောင်းကောင်း လုပ်ကြပါတယ်၊ သူတို့က သူတို့ကိုယ်တိုင် သက်သေပြချင်နေကြပါတယ်၊ ကျွန်တော်တို့မှာ ကစားရဖို့ ပွဲတွေ အများကြီးကျန်ပါသေးတယ်၊ အသင်းမှာ အရည်အသွေးရှိတဲ့ ကစားသမားတွေ အများကြီး ရှိသလို
သူတို့ကိုလည်း လိုအပ်ပါတယ်၊ ဒါကြောင့် ကျနော်တို့ အားလုံး ကျနော်တို့ နေရာအတွက် တိုက်ပွဲဝင်ရပါမယ်၊ မတူညီတဲ့ အရည်သွေးတွေကို နည်းပြက လိုအပ်တဲ့ နေရာတွေမှာ အစီစဥ် ချပေးတာကို ကျနော်တို့ ကောင်းကောင်းကြီး လက်ခံပြီး ကြိုးစားဖို့ လိုပါတယ်။
ကတ်စ်မဲရိုးက အရမ်း သန်မာပါတယ်၊ အသင်းရဲ့ ကွက်လပ်နေရာကို သူပြန်ဖြည့်နိုင်မှာပါ၊ ဒွန်နီနဲ့ ဖရက်ဒ်က အသင်းမှာ အရင်ကတည်းက ကစားနေခဲ့ကြတာကြောင့် သူတို့က အသင်းရဲ့ လိုအပ်ချက်တွေကို ကောင်းကောင်း သိကြပါတယ်၊ မက်တိုမီနေးက ရဲရင့်ပြီး ကောင်းမွန်တဲ့ကစားသမား တစ်ယောက်ပါ။
အစတုန်းက သူနဲ့ ချိတ်ဆက်ပြီး ကစားဖို့ အနည်းငယ် ခက်ခဲခဲ့ပေမယ့် အခုတော့ တော်တော်လေး တိုးတက်လာပါတယ်၊ ကျနော်တို့ ရှိသင့်တဲ့ နေရာမှာ ရှိနေကြတယ်လို့ ခံစားရပါတယ်၊ ကျနော်တို့ အတူ တွဲကစားရတဲ့ အသင်းဖော်တွေကို ကောင်း ကောင်း ပေးနိုင်ဖို့ အာရုံစိုက်ရပါမယ်၊ နည်းပြကရော ဘာဖြစ်စေချင်တာလဲ ဘယ်လို ကစားစေချင်တာလဲ ဆိုတာကိုပါ ခေါင်းထဲ ထည့်ထားရပါမယ်။
ကျနော်တို့ ပိုကောင်းလာဖို့ အတွက် တချို့ အမှားတွေက မေ့ပစ်လိုက်တာ ကောင်းပါတယ်၊ အဲ့ဒီမှားခဲ့တဲ့ နေရာကို ပြန်ရောက်ရင် အကောင်းဆုံး လုပ်နိုင်ဖို့ အတွက် ပထမအမှားကို မေ့ပစ်ဖို့ လိုပါတယ်၊ အခုဆိုရင် ကျနော်တို့ တိုးတက်လာတယ် ဆိုတာ မှန်ပေမယ့် ရှေ့ဆက် ကောင်းအောင် အများကြီးလုပ်ရအုံးမှာပါလို့ အဲရစ်ဆင်က ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
credit