သမီးလတ်လေးဖောင်းဖောင်းရဲ့မွေးနေ့မှာသမီးလေးအရမ်းကြိုက်တဲ့ အရာတစ်ခုနဲ့ Surprise အကြီးကြီးလုပ်ပေးလိုက်တဲ့ ဖေဖေAh Boy

0
22

အနုပညာလောကမှာ ပရိသတ်အချစ်တွေနဲ့အောင်မြင်စွာ ရပ်တည်နေပြီး ချစ်စရာသမီးလေးတွေနဲ့အတူ ကြည်နူးပျော်ရွှင်စရာ မိသားစုဘဝလေးကို လက်တွဲညီညီ ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ စုံတွဲလေးကတော့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ စုံတွဲလေးပါပဲ။





လိုက်ဖက်ညီလွန်းပြီး တစ်ယောက်ကိုတစ်ယောက် ကြင်နာတတ်တဲ့ ရိုမန်တစ်ပုံရိပ်လေးတွေအပြင် အားကျစရာကောင်းလွန်းတဲ့ မိသားစုပုံရိပ်လေးတွေကလည်း မြင်သူတိုင်းကို အပျော်လေးတွေကူးစက်စေပြီး ချစ်စရာသမီးလေး Scarlett နဲ့ သားလေး Jaden လေးကလည်း အသည်းယားစရ ာကောင်းလွန်းတာ အမှန်ပါပဲ ။





သူတို့ မိသားစုရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲလိုလိုဖော်ပြပေးလေ့ရှိတတဲ့ သားသမီးလေးယောက်ရဲ့ဖခင်ဖြစ်တဲ့ Ah Boy ဟာ ဒီကနေ့မှာလည်း သူ့ရဲ့သမီးလတ်လေး ဖောင်းဖောင်းကို ပျော်ရွှင်အောင်ဖန်တီးပေးခဲ့ပြန်ပါပြီ။





Ah Boy က နော်ဖောအယ်ထားကိုကြိုက်တဲ့ သမီးလေးအတွက် နော်ဖောအယ်ထားကိုဖိတ်ခေါ်ပြီး မွေးနေ့ Surprise လုပ်ပေးခဲ့တာကို တွေ့ရပါတယ်။





ပရိသတ်ကြီးအတွက် Ah Boy တို့ မိသားစုလေးရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတံ့လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။





Ah Boy ကတော့ သားသမီးလေးယောက်ကို အမြဲတမ်းပျော်ရွှင်အောင်ဖန်တီးပေးနေတဲ့ ဖခင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။





ပရိသတ်ကြီးလည်း Ah Boy တို့ မိသားစုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။





Source: Our Travel Diaries’s fb