သူ့ရဲ့မွေးနေ့အမှီ အသည်းကွဲသီချင်းတစ်ပုဒ်လောက် ထွက်ရှိဖို့ ကြိုးစားနေတယ်ဆိုတဲ့ ရွှေထူး
|ပရိသတ်ကြီးရေ ရွှေထူးကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။
ထွက်သမျှသီချင်းတိုင်းလိုလိုက ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲနေတဲ့ အထိ သီချင်းကောင်းတွေကို ဖန်တီနိုင်တဲ့သူလည်းဖြစ်ပါတယ်။
ရွှေထူးကတော့ လတ်တလောမှာ သီချင်းတွေမထွက်ရှိဘဲဖြစ်နေခဲ့ပြီး ပရိသတ်တွေကတော့ ရွှေထူးရဲ့ သီချင်းလေးတွေကို မျှော်လင့်နေကြပါသေးတယ်။
ရွှေထူးကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ဒီနေ့မှာတော့ ရွှေထူးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဝမ်းသာစရာကောင်းလှတဲ့ သတင်းလေးတစ်ခုကို မျှဝေဖော်ပြလာခဲ့ပါတယ်။
သတင်းလေးကတော့ သူ့ရဲ့ မွေးနေ့အမှီ အသည်ကွဲသီချင်းလေးတစ်ပုဒ်လောက်ထွက်ရှိဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းလေးပဲဖြစ်ပါတယ်။
ပရိသတ်ကြီးရေ ရွှေထူးရဲ့ သီချင်းအသစ်တွေကို မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းလေးဖြစ်ပြီး သီချင်းလေးကတော့ အငြိမ်လေးပါပဲတဲ့နော်။
Source – Shwe Htoo