ဂရေဟမ် ပေါ်တာ နဲ့ အဲရစ် တန်ဟက်ဂ် ကို နှိုင်းယှဉ် သုံးသပ်လိုက်ပြီး ရွေးချယ်မှု မှန်ကန်ခဲ့တဲ့ အသင်းကို ထုတ်ပြောလိုက်တဲ့ ပေါလ်မာဆင်

Arsenal နဲ့ England လက်ရွေးစင်အသင်းရဲ့ ကွင််းလယ် ကစားသမားဟောင်း ပေါလ်မာဆင်က မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ အဲရစ် တန််ဟက်ဂ် ထက် ချဲလ်ဆီး ခေါ်ယူလိုက်တဲ့ ဂရေဟမ် ပေါ်တာ ကို ဦးစားပေး ခေါ်ယူခဲ့သင့်ကြောင်း နောက်တစ််ကြိမ် ပြောခဲ့လိုက်ပါတယ်။




ဂရေဟမ် ပေါ်တာ ဟာ လိဒ်စ် ကာနီဂီး အသင်းမှာ နည်းပြ ဘဝကို စတင်ခဲ့သူ ဖြစ်ပြီး ဘရိုက်တန် အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် ချဲလ်ဆီးနဲ့ လမ်းခွဲခဲ့ရတဲ့ တူချယ်ရဲ့ နေရာကို ဆက်ခံခွင့် ရရှိခဲ့သူ ဖြစ်ပါတယ်၊ ဂရေဟမ် ပေါ်တာဟာ ဒီနွေမှာ ဘရိုက်တန် အသင်းကို




၆ ပွဲအထိ ကိုင်တွယ်ခဲ့ရာမှာ ၄ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ်် ရယူပေးနိုင်ခဲ့ပြီး ရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေး ဇယား အဆင့် ၄ နေရာမှာ ရပ်တည်စေနိုင်ခဲ့ပါတယ်၊ အဲ့ဒီထဲမှာတော့ မန်ချက်စတာ ယူနိုက်တက် ကိုလည််း အနိုင် ကစားနိုင်ခဲ့ပါသေးတယ်၊ ဒါ့ကြောင့် နည်းပြသစ် ရှာဖွေခဲ့တဲ့ ချဲလ်ဆီး အသင်းက




သူ့ကို ဦးစားပေးအဖြစ် ခေါ်ယူလိုခဲ့ချိန်မှာ ပေါ်တာကလည်း အချိန်မဆွဲပဲ ဒီရာထူးကို ချက်ချင်း လက်ခံခဲ့ပါတယ်၊ အခုတော့ သူဟာ ချဲလ်ဆီးအသင်းရဲ့ နည််းပြသစ် ဖြစ်လာခဲ့ပါပြီ၊ ထို့အတူ ဂရေဟတ် ပေါ်တာကို သဘောကျတဲ့ အာဆင်နယ် ဂန္တဝင် ပေါလ်မာဆင်က ချဲလ်ဆီး အသင်းဟာ အဲရစ် တန်ဟက်ဂ် ကို

ခေါ်ယူခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ထက် ပိုကောင်းတဲ့ ရွေးချယ်မှု တစ်ခုကို လုပ်ပြလိုက်တာ ဖြစ်ကြောင်း ထုတ်ပြောလိုက်ပါတယ်၊ သောမတ်စ် တူချယ်ကို ထုတ်ပယ်လိုက်တယ် ဆိုတာက တကယ့်ကို ထူးဆန်းတဲ့ ဆုံးဖြတ်ချက် တစ်ခုပဲလို့ ထင်မိပါတယ်၊ ဒါပေမယ့် ဂရေဟမ် ပေါ်တာ ကလည်း ကျွန််တော် သိပ်ကြိုက်တဲ့ နည်းပြ တစ်ဦး ဖြစ်ပါတယ်။

ဒီအဆင့်မှာ အလုပ်လုပ်ရတာ တကယ့်ကို ခြားနားတယ်လေ၊
ဒါပေမယ့် ဂရေဟမ် ပေါ်တာ က သူဟာ အသင်း တစ််သင်းကို ဖန်တီး တည်ဆောက် ပေးရတာထက် ပိုလွန်းတဲ့ အရာကို လုပ်ဆောင်နိုင်သူ ဖြစ်ကြောင်း အကောင်းဆုံး အသင်းတွေနဲ့ သူတင်ကိုယ်တင် ကစားနိုင်တဲ့ အသင်းမျိုးကို ဖန်တီးပေးနိုင်သူ ဖြစ်ကြောင်း ဆွမ်ဆီး၊ ဘရိုက်တန် အသင်းတွေမှာ




ပြသခဲ့ပြီးပါပြီ။ အရင်တုန်းကလည်း မန်ချက်စတာ ယူနိုက်တက် အနေနဲ့ တန်ဟက်ဂ် ထက် သူ့ကို ပိုပြီး ခေါ်ယူသင့်တယ်လို့ ပြောခဲ့ဖူးပါသေးတယ်၊ ကျွန်တော့် ဒီစကားကို ထပ်ပြီးပြောချင်ပါတယ်၊ ဒါပေမယ့် ဂရေဟမ် ပေါ်တာ က Chelsea ကို ရောက်သွားခဲ့ပါပြီ၊ သူ ဒီအသင်းကို ဘယ်လို ပြောင်းလဲ ပေးသွားမလဲ ဆိုတာ

စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါပြီ။ လို့ ပေါလ်မာဆင်က ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်၊ ပေါ်တာဟာ ဒီကြားထဲ ဆဲလ်ဘတ် အသင်းနဲ့ ကစားရမယ့် ချန်ပီယံံလိဂ် ပွဲစဥ်မှာ ချဲလ်ဆီး အသင်းကို စတင် ကိုင်တွယ်သွားဖို့ ရှိနေပါတယ်။




credit