စက်တင်ဘာ ၁၅ ရက်နေ့မှာ ကစားမယ့် ပွဲမတိုင်မီ မန်ချက်စတာ ယူနိုက်တက် ကို သတိပေးလိုက်တဲ့ ရှာရစ်အသင်း နည်းပြ

စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကစားမယ့် မန်ချက်စတာ ယူနိက်တက် နဲ့ ယူရိုပါလိဂ်ပွဲစဉ် အတွက် သေချာ ပြင်ဆင်ထားတယ်လို့ မော်ဒိုဗာ အသင်းငယ်လေး ရှာရစ်ရဲ့ နည်းပြ စတိပန် တိုမက်စ်က ပြောဆိုလိုက်ပါတယ်။ သူတို့ အနေနဲ့ အံ့အားသင့်ဖွယ်ရလဒ် ထွက်ပေါ်လာအောင် လုပ်နိုင်စွမ်း ရှိတယ်လို့လည်း သတိပေးခဲ့ပါတယ်။




ရှာရစ်အသင်းဟာ အဖွင့်ပွဲမှာ အိုမိုနီယာကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ကတော့ ရီးရဲလ်ဆိုဆီဒက် ကို အရေးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်၊ ရှာရစ်ကတော့ ပြီးခဲ့တဲ့ ရာသီတွေ အတွင်းက ချန်ပီယံလိဂ်မှာ ဝင်ရောက် ကစားဖူးပြီး ရီးရဲလ်မက်ဒရစ်လို အသင်းကိုတောင် အနိုင်ရအောင် ကစားပြနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။




ဒါကြောင့်လည်း တိုမက်စ်က သူ့အသင်းမှာ အတွေ့အကြုံတွေ ရှိနေပြီ ဖြစ်ကာ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရချိန်မှာ အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်၊ မန်ချက်စတာ ယူနိုက်တက်က ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး အသင်းပါ၊ သူတို့ ဒီတပတ်မှာ ပွဲမကစားခဲ့ရပါဘူး၊ ကျနော်တို့ ကိုယ့်ကိုကိုယ် ပြင်ဆင်ရမှာ ဖြစ်ပြီး




နောက်တဆင့် တက်နိုင်ဖို့ အခွင့်အရေးတွေကို ရအောင်ယူရပါလိမ့်မယ်၊ အရေးအကြီးဆုံးကတော့ ခံစစ်ပိုင်းကို ပြင်ဆင်ရမှာ ဖြစ်ပြီး ကျနော်တို့ အခိုက်အတန့်ကောင်း အတွက် ကိုယ်တိုင် ဖန်တီးယူရပါမယ်၊ အခွင့်အရေးနည်းနည်းလေးကိုပဲ အသုံးချနိုင်အောင် လုပ်ရမှာပါ၊ ဒီလို အသင်းတွေနဲ့ ကစားရတာ အရမ်းကောင်းတဲ့ စိတ်ခွန်အားပါပဲ။

ရော်နယ်ဒို ကစားနိုင်မလား၊ မကစားနိုင်မလားတော့ မသိဘူး၊ ပြီးခဲ့တဲ့ နှစ်ကတော့ ကျနော်တို့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့တယ်၊ အခု ကျနော်တို့က အတွေ့အကြုံရှိတဲ့အသင်း ဖြစ်နေပါပြီ၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ ပွဲတွေအများကြီး ကစားပြီးပါပြီ၊ ကျနော်တို့ အတွေ့အကြုံ ရင့်ကျက်နေပြီထင်ပါတယ်၊ လို့ တိုမက်စ်က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။




ရှာရစ်အသင်းဟာ မော်လ်ဒိုဗာလိဂ်မှာ ရှုံးပွဲမရှိသေးဘဲ ၇ ပွဲ ကစားအပြီးမှာ ၁၇ မှတ်ရရှိထားပြီး အဆင့် ၁ နေရာမှာရပ်တည်နေတာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကတော့ ရာသီအစမှာ ရလဒ်တွေဆိုးခဲ့ပေမယ့် လိဂ်ပွဲ ၄ ပွဲဆက် အနိုင်ပြန်ရခဲ့ပါတယ်၊ ဒါပေမယ့် ယူရိုပါလိဂ်မှာ ရီးရဲလ်ဆိုဆီဒက် ကို အိမ်ကွင်းမှာပဲ အရေးနိမ့်ထားပါတယ်။




credit