လီဗာပူးကို အနိုင်ယူဖို့ အဲရစ် တန်ဟက်ဂ် ရဲ့ နည်းစနစ်ကို ဘယ်လို အသုံးပြုသွားမယ် ဆိုတာ ရှင်းပြလိုက်တဲ့ အေဂျက်စ် နည်းပြ

ယနေ့ည ကစားမယ့် လီဗာပူးနဲ့ အေဂျက်စ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲ မတိုင်ခင် အေဂျက်စ်နည်းပြ ရှရူဒါက မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် လီဗာပူးကို အနိုင်ယူခဲ့တဲ့ ပုံစံအတိုင်း လိုက်လံ အတုယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။




လီဗာပူး အသင်းဟာ ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲမှာ နာပိုလီကို အဝေးကွင်းမှာ ၄-၁ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာပါ၊ အေဂျက်စ် ကတော့ အိမ်ကွင်းမှာ ရိန်းဂျားစ်ကို ၄ ဂိုးပြတ်နဲ့ အနိုင် ရရှိခဲ့ပြီး လတ်တလော လီဗာပူးရဲ့ ခြေစွမ်းပိုင်း ဆိုးရွားမှုတွေကြောင့် ရှရက်ဒါက အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်နိုင်ပါတယ်။




အဲရစ် တန်ဟက်ဂ် ဟာ ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက် နဲ့ အတူ လီဗာပူးကို ၂-၁ နဲ့ အနိုင် ရရှိခဲ့ပါတယ်၊ ဒါ့အပြင် လီဗာပူးက လက်ရှိ ရာသီမှာ နိုင်ပွဲ ၂ ပွဲသာ ရှိပါသေးတယ်၊ အေဂျက်စ် နည်းပြ ရှရူဒါက-




မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူး ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် ဘာတွေလုပ်ခဲ့သလဲ ကျနော် ကြည့်ပြီးပါပြီ၊ အချို့ အရာတွေက ကျနော်တို့ အတွက် လိုက်လံအသုံးချလို့ ရမယ့် အရာတွေပါ၊ လီဗာပူးလို အသင်းမျိုးနဲ့ တွေ့တဲ့အခါ ကျနော်တို့က ဘောလုံးရတဲ့ အချိန် အကောင်းဆုံး ကစားနိုင်ဖို့ လိုအပ်ပါတယ်၊ သတ္တိရှိဖို့ လိုအပ်ပြီး ဒါက အဓိက အရာပါ။




ခင်ဗျားသာ သတ္တိရှိမယ် ဆိုရင် ခင်ဗျားအတွက် အခွင့်အရေး ရှိပါပြီ၊ ကလော့ပ် ကတော့ သူ့အသင်းသားတွေကို နောက်ဆုံး ပွဲကထက် ခံစစ်ကို ပိုမို ကောင်းမွန်အောင် ကစားဖို့ မှာကြားထားမှာပါ၊ ကစားပုံ မကောင်းရင် မန်နေဂျာတွေက တာဝန်ခံရပါတယ်၊ ကျနော်တို့က မုန်တိုင်းတလုံးလို ပြင်းထန် ကောင်းမွန်ဖို့ မျှော်လင့်ပါတယ်၊ ကျနော်တို့ရဲ့ ပုံစံအတိုင်း ကစားပုံကောင်းဖို့ လိုအပ်ပါတယ်။




ဒီအတွက် သတ္တိမရှိဘူး ဆိုရင်တော့ လီဗာပူးနဲ့ ပွဲက ခက်ခဲပါလိမ့်မယ်၊ အထူးသဖြင့် တယောက်ချင်း ရင်ဆိုင်ရတဲ့ အခါမျိုးတွေမှာပေါ့၊ လို့ ပြောကြားသွားခဲ့ပါတယ်၊ ရှရူဒါဟာ ပြီးခဲ့တဲ့ နွေမှာ အေဂျက်စ်ကနေ

မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့လာတဲ့ အဲရစ် တန်ဟက်ဂ် ရဲ့ နေရာကို အစားထိုး ဝင်ရောက်လာသူ ဖြစ်ပါတယ်၊ ဒါ့အပြင် ပြီးခဲ့တဲ့ (၂၀၁၉) မတိုင်ခင်မှာ တန်ဟက်ခ်ရဲ့ လက်ထောက် အဖြစ် တနှစ်ခွဲကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

credit