ဒီရာသီမှာပဲ မန်ချက်စတာ ယူနိုက်တက် မှာ မြင်ရတော့မယ့် ရော်နယ်ဒို
|ဆော်ဒီအာရေဗျ နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ယက်ဆာ အယ် မီဆာဟယ် က သူတို့ဟာ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒို ကို သူတို့ နိုင်ငံမှာ လာရောက် ကစားတာကို မြင်ချင်ကြောင်းနဲ့ ရော်နယ်ဒို ကို သူတို့ နိုင်ငံဆီ ခေါ်ယူနိုင်ဖို့ ငွေပုံပေးရန် အဆင်သင့် ရှိကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
မကြာခင်မှာ အသက် ၃၈ နှစ်ပြည့်တော့မယ့် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ဟာ ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသူ ဖြစ်ပေမယ့် သူ့ရဲ့ အရှိန်အဝါနဲ့ နာမည် ကျော်ကြားမှုဟာ ယခုချိန်အထိ ကျဆင်းသွားခြင်း မရှိသေးပေမယ့်
ကမ္ဘာ့ဘောလုံး ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတဦး အဖြစ် ရပ်တည်နေနိုင်ဆဲ ဖြစ်ပါတယ်၊ သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံးအချိန် အပိုင်းအခြားကို ရောက်ရှိနေပေမယ့် ရော်နယ်ဒို ကတော့ နောက်ထပ်တကြိမ် ချန်ပီယံလိဂ် ဆုဖလားကို အရယူဖို့ စိတ်ဆန္ဒရှိနေဆဲ ဖြစ်ကာ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဆိုရင်လည်း မန်ချက်စတာ ယူနိုက်တက် မှ
ထွက်ခွာနိုင်ဖို့ အထိ အစွမ်းကုန် ကြိုးစားခဲ့တာ ဖြစ်ပါတယ်၊ ဆော်ဒီအာရေဗျ နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ အယ် မီဆာဟယ် က သူတို့နိုင်ငံဟာ ရော်နယ်ဒို ကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားသွားရန် ဆုံးဖြတ်ထားသလို ရော်နယ်ဒိုကလည်း သူတို့ နိုင်ငံရဲ့ ဘောလုံးအားကစား အလားအလာနဲ့ လှပမှုတွေကို
မြင်တွေ့သွားရင် သူတို့ဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားလိမ့်မယ်လို့ ယုံကြည်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ အယ်မီဆာဟယ်-
ကျွန်တော်တို့က ရော်နယ်ဒိုလို ကစားသမားမျိုး ဆော်ဒီလိဂ်မှာ လာကစားတာကို မြင်ချင်ပါတယ်၊ ကျွန်တော်တို့ရဲ့ ဘောလုံးလိဂ်မှာ ရော်နယ်ဒိုသာ လာကစားရင် အဲ့ဒါက အပေါင်းလက္ခဏာ ဆောင်တဲ့ ကိစ္စတခု ဖြစ်သလို အားလုံးအတွက် ကြီးမားတဲ့ သတင်းတပုဒ်လည်း ဖြစ်သွားနိုင်ပါတယ်၊ လူတိုင်းက ရော်နယ်ဒိုရဲ့ အောင်မြင်မှုတွေ၊ စံချိန်တွေကို သိကြပါလိမ့်မယ်။
သူက အကြီးကျယ်ဆုံး ကစားသမားတွေထဲက တဦး ဖြစ်တာကိုလည်း သိကြပါတယ်၊ ဘာကြောင့် ကျွန်တော်တို့က သူ့ကို ဒီနေရာဆီ မခေါ်နိုင်ရမှာလဲ၊ ကျွန်တော်က ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖို့ ဆိုရင် ငွေပုံပေးရမယ် ဆိုတာ သိပြီးသားပါ၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကလပ်တွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်မှာ
အတော်လေး ချမ်းသာလာကြပါတယ်၊ ဒါကြောင့် သူတို့က ရော်နယ်ဒိုကို ခေါ်ယူနိုင်စွမ်း ရှိကြပါတယ်၊ ပြီးတော့ ပရီးမီးယားလိဂ်မှာ နာမည်ကြီးခဲ့တဲ့ ကစားသမား တချို့ကလည်း ကျွန်တော်တို့ဆီမှာ လာကစားဖူးကြတယ်လေ၊ လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။
credit