ကတ်စ်မဲရိုးကို လစာ ဖြတ်တောက်ဖွယ် ရှိလာတဲ့ မန်ချက်စတာ ယူနိုက်တက်
|Manchester United အသင်းဟာ အပြောင်းအရွှေ့ကာလ အတွင်း ဘာစီလိုနာ ကွင်းလယ် ကစားသမား ဖရန်ကီ ဒီဂျောင် ကို ခေါ်ယူနိုင်ဖို့ အတွက် ကာလရှည် ကြိုးပမ်းရာမှာ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် အပြောင်းအရွှေ့ ပိတ်သိမ်းဖို့ ရက်ပိုင်းအလိုမှာပဲ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အတူ ချန်ပီယံလိဂ် ဖလား ၅ ကြိမ် ဆွတ်ခူးထားနိုင်ခဲ့တဲ့
ကွင်းလယ်အဖျက် ကစားသမား ကတ်စ်မဲရိုးကို ပြောင်းရွှေ့ကြေး အလုံးအရင်းနဲ့ ခေါ်ယူခဲ့ပါတယ်၊ လောလောလတ်လတ် ထွက်ပေါ်လာတဲ့ သတင်းတွေ အရ Manchester United အသင်းက ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက် ကစားခွင့်မရတာကြောင့် ဝါရင့် တိုက်စစ်ကစားသမား
ရော်နယ်ဒို အပါအဝင် ကစားသမားတွေရဲ့ လစာကို ဖြတ်တောက်ခဲ့ပြီး ဘရာဇီးစတား ကတ်စ်မဲရိုး အနေနဲ့လည်း ယခုနှစ် ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်မှ ထပ်မံလွဲချော်ခဲ့မယ် ဆိုပါက လစာ ဖြတ်တောက်ခံရမှာ ဖြစ်တယ်လို့ သတင်း ထွက် ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်၊ Manchester United ဟာ
ကတ်စ်မဲရိုးကို အသင်းရဲ့ သမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေး တန်ဖိုးအမြင့်ဆုံး ကစားသမား တွေထဲက တစ်ဦး အဖြစ် ပေါင်သန်း ၇၀ အထိ အသုံးပြုပြီး ခေါ်ယူခဲ့တာ ဖြစ်သလို လုပ်ခ အနေနဲ့လည်း တစ်ပတ်လုပ်ခ ပေါင် ၃၇၅,၀၀၀ အထိ ပေးချေသွားမှာ ဖြစ်ပေမဲ့ အကယ်လို့ Manchester United သာ ချန်ပီယံလိဂ် ဝင်ရောက် ကစားခွင့် မရခဲ့ပါက
လစာလျော့ချ ဖြတ်တောက်သွားဖို့ ရှိနေတာပါ၊The Athletic သတင်းဌာန ကတော့ Manchester United ယခုနှစ်ရာသီ ပြီးဆုံးချိန်မှာသာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက် ကစားနိုင်စေမယ့် အဆင့် ၄ အတွင်း မရပ်တည်နိုင်ခဲ့ပါက ကက်စ်မဲရိုး အနေနဲ့ သေချာပေါက် လစာ လျော့ယူရဖို့ ရှိနေပြီး ဘာနေဗျူး အခြေစိုက်ကလပ်မှာ သူရရှိနေတဲ့ နှုန်းထားအတိုင်းသာ
ဆက်လက် ရရှိသွားမှာဖြစ်တဲ့ အကြောင်း ဖော်ပြသွားခဲ့ပါတယ်၊ နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ ကိုင်တွယ်မှုနဲ့ အတူ Manchester United ဟာ ရာသီအစ ပွဲစဉ် ၂ပွဲ ကို ရှုံးနိမ့်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပုံစံကောင်းတွေ ရရှိလာခဲ့တာကြောင့် ဘောလုံးသုံးသပ်သူ အချို့နဲ့ Manchester United ပရိသတ်တွေ အနေနဲ့ ထိပ်ဆုံး ၄ နေရာအတွင်း ဝင်ရောက် နိုင်မယ်လို့ ယုံကြည်နေကြတာပဲ ဖြစ်ပါတယ်။
credit