နည်းပြဟောင်း ဆိုးလ်ရှားရဲ့ သစ္စာဖောက်မှုကို ထုတ်ဖော် ပြောဆိုရင်း နည်းပြ သုံးဦးအနက် ဗန်ဂါး တစ်ယောက်သာ သူ့အပေါ်ကောင်းကြောင်း ရှင်းပြလိုက်တဲ့ မာရှယ်

0
148

Manchester United တိုက်စစ်မှုး အန်သိုနီမာရှယ် က နည်းပြဟောင်း ဆိုးလ်ရှား အသင်းမှာရှိစဉ်က သူ့ကို ဒဏ်ရာနဲ့ ကစားခိုင်းပြီး လူရှေ့မှာ မသိချင်ယောင်ဆောင်ပြီး မမျှမတ ဆက်ဆံခဲ့ဖူးတဲ့ အကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။




အန်သိုနီ မာရှယ် ဟာ ဆိုးလ်ရှားကို သစ္စာဖောက် အဖြစ် စွပ်စွဲခဲ့ပြီး သူ ဒဏ်ရာနဲ့ ကစားခဲ့ရတဲ့ အချိန်မှာ ဆိုးလ်ရှားက သူ့ခြေစွမ်းနဲ့ ပတ်သက်လို့ ကာကွယ်ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်တော် ဒဏ်ရာနဲ့ပဲ ပုံမှန်လို ကစားခဲ့ရတာပါ၊ လူတွေက အဲ့ဒါကို မသိကြပါဘူး၊ ကိုဗစ်ရာသီ အပြီး လေးလ အတွင်း ကျွန်တော် မတိုးတက်နိုင်ခဲ့ဘူး၊ နည်းပြက ကျွန်တော့်ကို လိုတယ်၊ ကစားရမယ် လို့ပြောတော့ ကစားပေးရတာပေါ့။




ဒါပေမယ့် ဒဏ်ရာနဲ့ မတိုးတက်လာတော့ ပိုပြီး ခက်ခဲ ရှုပ်ထွေးသွားခဲ့တယ်၊ ပရိသတ်တွေ ဝေဖန်တာ ခံခဲ့ရပေမယ့် ကျွန်တော့်ကိုယ်စား နည်းပြက ဘာမှ မကာကွယ် မပြောပေးခဲ့ပါဘူး၊ နောက်ဆုံးတော့ ကျွန်တော် ဒဏ်ရာ ရသွားတယ်၊ ကျွန်တော် ပြန်ကောင်းလာတော့ အားလုံးပြီးသွားပြီ။

ထပ်ပြီး မကစားခဲ့ရတော့ဘူး၊ ကျွန်တော် မမျှမတ ခံခဲ့ရသလို ခံစားခဲ့ရပါတယ်၊ အသင်းအတွက် ကိုယ့်ကိုယ်ကို စွန့်လွှတ်ဖို့ တောင်းဆိုခံရတယ်၊ နောက်ကွယ်မှာကျ ပယ်ချခံရတယ်၊ ကျွန်တော့် အတွက်တော့ သစ္စာဖောက်ခံလိုက် ရသလိုပါပဲ။

အဲ့ဒါကို ကျွန်တော် မုန်းမိတာ၊ ကျွန်တော့်ကို အပြစ်တင်ချင် တင်လို့ရတယ်၊ ဒါပေမယ့် အတုအယောင် တွေတော့ ကျွန်တော် မလုပ်တတ်ဘူး။ လို့ မာရှယ်က ထုတ်ဖော် ပြောဆိုလာခဲ့တာပါ၊ မာရှယ်က နည်းပြ မော်ရင်ညို ကိုလည်း သူ့ကို မလေးမစားလုပ်ပြီး တမင် နှိမ့်ချဆက်ဆံခဲ့တဲ့ အကြောင်းတွေးကိုလည်း ဖော်ထုတ်ခဲ့ပါသေးတယ်။

ဒါပေမယ့် နည်းပြ လူးဝစ်ဗန်ဂါး ကိုတော့ အကောင်းမြင်ခဲ့ပါတယ်။ ကျွန်တော် ပထမရာသီမှာ ဗန်ဂါးနဲ့ ဆက်ဆံရေးကောင်း ရှိခဲ့ပါတယ်၊ ကျွန်တော် သင်ယူရတာကို ကြိုက်တယ်၊ သူ့လို လူတစ်ယောက်က အချိန်ယူပြီး ရုံးခန်းထဲမှာ ကျွန်တော့်ပွဲတွေကို ကြည့်ရင်း ရှင်းပြတာက အကောင်းဆုံးပဲ။




တစ်ခါတုန်းက ကျွန်တော် နှစ်ဂိုးသွင်းလိုက်တော့ ကျွန်တော့်ကို အားပေးဖို့ ဗီဒီယိုတွေ ကြည့်ခိုင်းပါတယ်၊ ကျွန်တော် နှစ်ဂိုး သွင်းထားတာလေလို့ သူ့ကိုပြောတော့ သူက ပြေးရတဲ့ ထောင့်တွေနဲ့ လှုပ်ရှားမှု ဇုန်တွေ အကြောင်း နားလည်အောင် သေချာ ရှင်းပြတယ်။ မော်ရင်ညိုနဲ့ ကျတော့ ဘာမှ လုပ်စရာ မရှိခဲ့ဘူး။ လို့ မာရှယ်က ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။




credit