ထူးခြားခြား မန်ချက်စတာ ယူနိုက်တက် သတင်းများ
|(၁) မန်ချက်စတာ ယူနိုက်တက် ဟာ အသင်းရှိ ဒါလော့၊ ဒီဂီယာ၊ ဖရတ်၊ လုရှော့ ၊ ရပ်ရှ်ဖို့ဒ် အစရှိတဲ့ ကစားသမားတွေကို စာချုပ် သက်တမ်း တိုးမြှင့် ချုပ်ဆိုဖို့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြပြီး ယင်းတို့ထဲက ဆွေးနွေးမှုမှာ
အပြီးသတ်နိုင်ခြင်း မရှိသေးပေမယ့် နီးစပ်မှုတော့ ရှိ ကြောင်း မန်ချက်စတာ ယူနိုက်တက် ဟာ လာမည့် လ အတွင်း ဆုံးဖြတ်ချက် တစ်ချို့ ချသွားရမည် ဖြစ်ကြောင်း နာမည်ကြီး သတင်ထောက် Fabrizio Romano က ဖော်ပြသွားခဲ့ပါတယ်။
(၂) ကတ်စ််မဲရိုးက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အသင်းဖော်တွေနဲ့ ပတ်သတ်ပြီး ဖွင့်ဟ ပြောဆိုလိုက်ပြီး အသင်းတာဝန် ရှိတွေရဲ့ သိတတ်မှုအပေါ်မှလည်း ယခုလို ပြောကြားသွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် မှာ အသားကျမယ့် ကိစ္စလား? ပြောရရင်ဗျာ ဒီနေရာက ကျွန်တော် ထင်ထားတာထက်ကို နေလို့ကောင်းပါတယ်။
အားလုံးက ကျွန်တော့်ကို ဖော်ရွေကြပြီး ရင်းရင်းနှီးနှီး နေပေးကြပါတယ်၊ ကျွန်တော် စရောက်တဲ့နေ့က စလို့ အခုထက်ထိပါပဲ။ အသင်းဖော်တွေက ကျွန်တော့်ကို အများကြီး ကူညီပေးကြပါတယ်၊ ဒီအတွက်ကြောင့် ကျွန်တော် အရမ်းပဲ ပျော်မိပါတယ်၊ အသင်းဝန်ထမ်းတွေ ဆိုရင်လည်း ကျွန်တော် သိသင့်သိထိုက်တာတွေကို အသေးစိတ် ရှင်းပြကြပြီး
ကူညီပေးတာကြောင့် ကျွန်တော် ဒီမှာ ရှိနေရတာက အရမ်းကို ပျော်ပါတယ်။ ပြီးတော့ အန်တိုနီလို အရည်အသွေးရှိတဲ့ ကစားသမားမျိုး ကျွန်တော်တို့ အသင်းမှာ ရှိတာက အရမ်းကို အရေးပါမှု ရှိစေပါတယ်၊ သူနဲ့က နိုင်ငံ လက်ရွေးစင်အသင်းမှာ သိကျွမ်းဝင်ပြီးသားပါ၊ အန်တိုနီလို အရည်အသွေးမျိုးက ရောက်တဲ့ အသင်းတိုင်း
အတွက် အရေးပါမှု ရှိစေပါတယ်။ သူ တစ်ယောက်တည်းတော့ မဟုတ်ဘူး၊ အသင်းမှာ သူ တစ်ယောက်တည်းမဟုတ်ဘဲ အားလုံးနီးပါးက အရည်အသွေး ရှိကြတဲ့ ကစားသမားတွေပါ။ လို့ ကတ်စ်မဲရိုးက ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
(၃) မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဥ် အေဂျက်စ် အသင်းနဲ့ လီပါပူးအသင်း ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းပိုင်ရှင်တွေကို ကန့်ကွက်ကြောင်း ဘန်နာကို အေဂျက်စ်အသင်း ပရိတ်သတ်တွေ ရှိတဲ့ဖက်ခြမ်းမှာ ထားရှိခဲ့တာ တွေ့ရပါတယ်။
(၄) ဂလေဇာအုပ်စုက အသင်းကို အပြီးသတ် ရောင်းချတာထက် ရှယ်ယာ တချို့ကိုပဲ ရောင်းချချင်နေပါတယ်၊ ဒါကလည်း ပရိတ်သတ်တွေရဲ့ဖိအားပေးမူအနည်း ငယ်ပြောင်းလဲသွားအောင် လုပ်ချင်နေတာ ကြောင့် ဖြစ်ပါတယ်။ အမှန် တကယ် ဒီလို ကလပ် အသင်းမျိုးကို ရောင်းချလိုက်ရင်
ကို့သေတွင်းကိုယ်တူးသလို ဖြစ်မယ့် အရေးမျိုးကို အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ကောင်းကောင်းသိထားပုံ ရပါတယ်၊ သတင်းအရင်းအမြစ်တွေထဲကမှ ဖြစ်နိုင်တဲ့ အလားလာရှိတဲ့ သတင်းတွေကဲ့ အဆိုကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းပိုင်ရှင် ပြောင်းဖို့ လိုနေတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဝယ်ယူဖို့ သတင်းထွက်နေတဲ့ Jim Ratcliffe ဆိုတာ 18 October 1952 ဂရိတ်မန်ချက်စတာရဲ့ ဖေးလ်စ်ဝရစ်မှာ မွေးဖွားခဲ့ပြီး အင်္ဂလန် ဘီလီယံနာ ဓာတု အင်ဂျင်နီယာနဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦး
ဖြစ်ပါတယ်၊ 1998 ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Ineos ဓာတုအုပ်စုရဲ့ ဥက္ကဋ္ဌ အမှုဆောင် အရာရှိချုပ် (CEO) ဖြစ်ပြီး ယင်းလုပ်ငန်းထဲမှ သုံးပုံနှစ်ပုံကို ပိုင်ဆိုင်ပါတယ်၊ 2019 ခုနှစ်ရဲ့ စစ် တမ်းတခု အရ တနှစ်ဝင်ငွေ 15 ဘီလီယံ ဒေါ်လာ ဝင်ငွေ ရရှိတယ်လို့ သိရပါတယ်၊ အားလုံး အထင်ကြီးလေးစားလောက်တဲ့ ပရိုဖိုင်တစ်ခု ရှိတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်၊ အဆိုပါ စစ်တမ်း အရ
2018 ခုနှစ် မေလအထိ၊ သူဟာ ပေါင် 21.05 ဘီလီယံနဲ့ ယူကေမှာ အချမ်းသာဆုံး ဖြစ်ခဲ့တယ်လို့ ဆက်လက် ဖော်ပြထားပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းပရိတ်သတ်တဦး ဖြစ်တဲ့ ရက်ကလစ်ဖ်ဟာ အသင်းကို ဝယ်ယူဖို့ စိတ်အားထက်သန်နေတဲ့ လူတယောက် ဖြစ်ပြီး
ဖြစ်နိုင်မည် ဆိုပါက အသင်းကို အပြီးသတ် ဝယ်ယူလိုသော်လည်း ဂလေဇာတို့က ရှယ်ယာ (20) ရာခိုင်နူန်းကို ဦးစွာရောင်းချမှာ ဖြစ်တာကြောင့် အရောင်းအဝယ် အတွက် ရွေ့ဆိုင်းထားကြပါတယ်၊ တဖက်မှာလည်း သူနေထိုင်တဲ့ ပြင်သစ်အရပ်မှာ ဘောလုံး ကလပ်အသင်း တသင်းဖြစ်တဲ့ နိုက်စ်အသင်းကို ပိုင်ဆိုင်သူ ဖြစ်ပါတယ်။
နောက်ဆက်တွဲ သတင်းများ အရ ဒူဘိုင်း အိမ်ရှေ့မင်းသား HH Sheikh Hamdan Rashid Al Maktoum က မန်ချက်စတာ ယူနိုက်တက် အသင်းကို ဂလေဇာတို့ လက်ထဲမှ ပေါင် 4b GBP နဲ့ ဝယ်ယူဖို့ အတွက် ရတ်ကလစ်ဖ်နဲ့ ချိတ်ဆက်ထားတယ်လို့ သိရပါတယ်၊ ဒါက မျော်မှန်းမှု ဖြစ်ပြီး ဂလေဇာတို့ ရောင်းချသည့် အခြေနေပေါ် မူတည်ပြီး
ရှယ်ယာ (50 )ရာခိုင်နူန်း အတွက် ပေးချေဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်းသိရပါတယ်၊ အချုပ် အနေနဲ့ ဂလေဇာတို့ အပြီးသတ် မရောင်းချချင်တဲ့ အခြေနေကို နားလည်ထားကြတဲ့ ယင်းဝယ်လိုသူတို့ဟာ တဦးက ရှယ်ယာ (50)၊ နောက်တဦးက ရှယ်ယာ (20) စသဖြင့် ဝင်ရောက် နေရာယူဖို့ အဆင်သင့် ဖြစ်နေကြကြောင်း သိရပါတယ်။
credit