ဆာအဲလက်စ် နောက်ပိုင်း အသင်းသမိုင်းကို မှားယွင်းရေးထိုးဖို့ ကြိုးစားခဲ့တဲ့ နည်းပြတွေ မတူ၊ ထူးခြားပြလိုက်တဲ့ တန်ဟက်ဂ်ကြောင့် ဘောလုံးလောကကြီး လှုပ်ခတ်နေ

0
5695

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ဟာ အသင်းရဲ့ နာမည်ကျော် ကြယ်ပွင့် ရော်နယ်ဒိုကို ပရီးမီးယားလိဂ် ပွဲစဥ်တွေမှာ ဆက်တိုက် အရန်ခုံ ထိုင်ခိုင်းထားတဲ့ အပေါ် နယ်သာလန်လူမျိုး နည်းပြ ဖိုပီဒီဟန်က ချီးကျူး ပြောကြားခဲ့ပါတယ်။




ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်မှာ ဘရန့်ဖို့ဒ်နဲ့ပွဲက လွဲလို့ ကျန်တဲ့ ပွဲအားလုံးမှာ အရန်ခုံ ထိုင်ခဲ့ရတာပါ၊ တန်ဟက်ဂ်ဟာ ရပ်ရှ်ဖို့ဒ်၊ ဆန်ချိုတို့ကိုသာ တိုက်စစ်မှာ အဓိက ဦးစားပေး သုံးစွဲနေပြီး ယူရိုပါလိဂ်မှာတော့ ရော်နယ်ဒိုကို ပွဲထွက်ခွင့်ပေးခဲ့ပါတယ်၊ ရော်နယ်ဒိုဟာ အသင်းရဲ့ ရာသီကြို ပြင်ဆင်မှု အားလုံးကို လွဲချော်ခဲ့ပြီး ဒီအကြောင်းပြချက်နဲ့ပဲ တန်ဟက်ဂ်က




ရော်နယ်ဒိုကို အခုလိုမျိုး အရန်ခုံပို့ထားတယ်လို့ ယုံကြည်ရပါတယ်၊ ဒီလိုမျိုး တန်ဟက်ဂ်ရဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက် အပေါ်မှာ ဖိုပီဒီဟန်က- ဖာဂူဆန် နောက်ပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် နည်းပြတွေက ဒီကစားသမားတွေရဲ့ ပြဿနာ အများအပြားကို ဖြေရှင်းခဲ့ရပါတယ်၊ ဒါပေမယ့် တန်ဟက်ဂ်က အရမ်းကို ရှင်းလင်းပြတ်သားပြီး ရော်နယ်ဒို ကိစ္စကို




ကိုင်တွယ်နိုင်ခဲ့ပါတယ်၊ ဒါက ကောင်းမွန်တဲ့ ကိစ္စပါ၊ ရော်နယ်ဒိုက အာဆင်နယ်နဲ့ ပွဲမှာလည်း အရန်ခုံ ထိုင်နေရပြီး တန်ဟက်ဂ် တယောက်လည်း ထပ်မံ ပြုံးပျော်နိုင်ခဲ့ပါတယ်၊ ယုံကြည်မှု ဆိုတာက အရမ်းအရေးကြီးတဲ့ ကိစ္စပါ၊ တခါတလေမှာ လူတွေက တန်ဟက်ဂ်ကို ဘယ်လိုလူမျိုးလဲလို့ တွေးနေကြမှာပါ၊ ဒါပေမယ့်




သူက ဘောလုံးအကြောင်းနဲ့ပဲ စကားစပြောပြီး တမိနစ်လောက် အတွင်းမှာတင် တန်ဟက်ဂ် ဘာလိုချင်တယ် ဆိုတာကို အားလုံးက သိသွားကြပါတယ်၊ တန်ဟက်ဂ်ဆီမှာ စိတ်ကူးစိတ်သန်းတွေ ရှိပြီး ဒါကို လေ့ကျင့်ပေးနိုင်ပါတယ်၊ သူက ကစားသမားတွေဆီက တောင်းဆိုမှု မြင့်မားပြီး သူလိုချင်တဲ့၊ လုပ်ချင်တဲ့အရာကို လက်တွေ့ကျကျ အကောင်အထည် ဖော်ပါတယ်။




ဘောလုံးလောက က ဘယ်ကို ဦးတည်နေလဲ၊ နေရာလွတ် အသေးလေးတွေက အစ၊ ကြံ့ခိုင်မှုအဆုံး သူအမြဲ သတိထားပါတယ်၊ သူပြောဖူးတာ တခုရှိပါတယ်၊ ခင်ဗျား အနေနဲ့ သတ္တိရှိဖို့ လိုအပ်တယ် ဆိုပြီးတော့ပေါ့လို့ ပြောကြားခဲ့ပါတယ်။

credit