ရီးရဲလ်မက်ဒရစ် နဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ ကွာခြားမှု အကြောင်း ရှင်းပြလိုက်တဲ့ ဗာရန်း

Manchester United အသင်း ဗဟိုနောက်ခံလူတစ်ဦး ဖြစ်တဲ့ ရာဖေးလ်ဗာရန်းက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားရတာနဲ့ ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားပေးခဲ့ရတာမှာ အကြီးမားဆုံး ခြားနားချက်ကို ထုတ်ပြောသွားခဲ့လိုက်ပါတယ်။




ရာဖေးလ်ဗာရန်း ဆိုတာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ဆယ််စုနှစ် တစ်ခုအကြာ ကစားပေးခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား အောင်မြင်မှုတွေ အများကြီး ရယူထားနိုင်ခဲ့ပါတယ်၊ အဲ့ဒီနောက် ပြီးခဲ့တဲ့ ရာသီတုန်းက သူဟာ မန်ချက်စတာကို ရောက်လာခဲ့ပါတယ်၊ ဒါပေမဲ့ ကစားသမား ကိုယ်တိုင်ကတော့ သူ့ရဲ့ ပထမဆုံးဘောလုံး ရာသီဟာ စီစဥ်ထားတဲ့ အတိုင်း ဖြစ်မလာခဲ့ဘူး ဆိုတာကို




ရိုးရိုးသားသား ဝန်ခံသွားခဲ့ပါတယ်၊ သူဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဒဏ်ရာ ပြသနာတွေကြောင့် ခက်ခဲတဲ့ရက်စွဲတွေ ပိုင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်၊ ဒီရာသီ အစပိုင်းမှာလည်း သူဟာ ဒဏ်ရာပြသနာတွေ ရှိနေခဲ့တာကြောင့် ရာသီအဖွင့်ပွဲစဥ် နှစ်ပွဲကို ကစားခွင့် လွဲချော််ခဲ့ရပါသေးတယ်၊ ဒါပေမယ့် အဲ့ဒီနောက်ပိုင်းမှာတော့ အသင်းဖော်သစ် လီဆန်ဒရို မာတီနက်ဇ်နဲ့ လေးပွဲ ဆက်တိုက် တွဲဖက် ကစားခဲ့ရပါတယ်။




အဆိုပါ ပွဲစဥ်တွေမှာတော့ သူတို့နှစ်ဦးဟာ အကောင်းဆုံး တွဲဖက် ကစားနိုင်ခဲ့ကြပြီး အသင်းရဲ့ခံစစ် ကစားပုံကို တိုးတက်စေနိုင်ခဲ့တဲ့ အတွက် အသင်းခေါင်းဆောင်် ဟယ်ရီ မက်ဂွိုင်းယားဟာ အရန်လူ ဖြစ်သွားခဲ့ရတာ အားလုံးအသိဖြစ်ပါတယ်၊ အခုတော့ မန်ချက်သတာ ယူနိုက်တက် အတွက် ပွဲထွက် ကစားခွင့်တွေ ဆက်တိုက် ရရှိခဲ့တဲ့နောက် ဗာရန်းက




ပရီးမီးယားလိဂ်နဲ့ လာလီဂါ ပြိုင်ပွဲမှာ ကစားရတဲ့ အဓိက ခြားနားချက်တွေကို သူ့ရဲ့ အတွေ့အကြုံတွေ အရင်းခံပြီး ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်၊ လာလီဂါ ပြိုင်ပွဲမှာတော့ အသင်းတွေက တိုက်စစ်ဆင် ကစားရဖို့ ပိုပြီးအားသန်စွာ ပြင်ဆင်တတ်ကြတယ်လို့ ထင််မိပါတယ်၊ ဒီမှာက နည်းစနစ် အရမ်း အသားပေးသလိုပါပဲ။ အင်္ဂလန်ကတော့

ပိုမြန်ပြီး ပွဲရှိန်ကလည်း အရမ်းကို ပြင်းထန်လှပါတယ်၊
ဒီမှာ ကောင်တာ တိုက်စစ်ဆင် ကစားတာ ပိုများပါတယ်၊ ဒီမှာက ခြားနားတဲ့ ဘောလုံးကစားဟန်ကို ကြုံံတွေ့ နေခဲ့ရတယ်လေ၊ ကျွန်တော်ကတော့ ကစားဟန် နှစ်ခုလုံး သဘောကျပါတယ်၊ ဒါဟာ ကျွန်တော့်အတွက် ခြားနားတဲ့ အတွေ့အကြုံပါပဲ။ လို့ ဗာရန်းက ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။

credit