အန်တိုနီ ကို ဆုံးရှုံးပြီးနောက် ကြုံတွေ့ရတဲ့ အခက်အခဲတွေ အကြောင်း ဖွင့်ဟလာတဲ့ အေဂျက်ဇ် အမှုဆောင်ချုပ်

အေဂျက်ဇ် အမှုဆောင်ချုပ် ဗန်ဒါဆားက အပြောင်းအရွှေ့မှာ အန်တိုနီကို မန်ချက်စတာ ယူနိုက်တက် ထံ ဆုံးရှုံးခဲ့ရတာဟာ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုလိုက်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေ အပြောင််းအရွှေ့ စျေးကွက်ရဲ့ နောက်ဆုံး ရက်စွဲတွေမှာ




တိုက််စစ်ပိုင်း အင်အား ဖြည့်တင်းဖို့အတွက် အေဂျက်ဇ်အသင််း ကစားသမား ဖြစ်သူ အန်တိုနီကို အလိုရှိခဲ့ပြီး အဆုံံးသတ်မှာ ပေါင် 85 သန်း၊ 5 နှစ် စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်၊ ဒါဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ သမိုင်း တစ်လျှောက် ပေါ့ဂ်ဘာရဲ့ နောက် ဒုတိယမြောက် ပြောင််းရွှေ့ကြေး အမြင့်မားဆုံး ကစားသမား ခေါ်ယူမှု တခုလည်း ဖြစ်ပါတယ်။




အခြားတဖက်မှာတော့ ဒါဟာ နယ်သာလန်လိဂ်ရဲ့ စျေးအကြီးဆုံး အပြောင်းအရွှေ့ အဖြစ် မှတ်တမ်းတင်ခဲ့ပြီး အခုတော့ အန်တိုနီဟာ မန်ချက်စတာ ယူနိုက်တက် အသင််းမှာ နည်းပြဟောင်း အဲရစ် တန်ဟက်ဂ် နဲ့ အတူ လက်တွဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်၊ ဒါ့အပြင် အာဆင်နယ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲဦးထွက်မှာလည်း အဖွင့်ဂိုး သွင်းယူပေးထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။




တဖက်မှာတော့ ကစားသမားကောင်းတွေကို ဆုံးရှုံံးခဲ့ရတဲ့ အေဂျက်ဇ် အသင်းဟာ ချန်ပီယံလိဂ် အုပ််စု ဒုတိယ ပွဲစဥ်မှာ ပရီးမီးယားလိဂ် ကလပ် လီဗာပူးအသင််းနဲ့ ရင်ဆိုင်ခဲ့ရပြီး အဝေးကွင်းမှာ 2-1 နဲ့ ရှုံးနိမ့် သွားခဲ့ရပါတယ်၊ ဒီလို အနေအထား တစ်ရပ်မှာ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် အေဂျက်ဇ် အမှုဆောင်ချုပ် အက်ဒ်ဝင် ဗန်ဒါဆားက




အန်တိုနီလို ကစားသမားကောင်း တစ်ဦးကို ဆုံးရှုံးခဲ့ရတာက ခက်ခဲကြောင်း၊ ဒီလို ညမျိုးမှာ သူ့ကို လွမ်းဆွတ်မိကြောင်း ထုတ်ပြောလိုက်ပါတယ်၊ နည်းပြ တစ်ဦး အတွက်တော့ အသင်းမှာ ဘယ်ကစားသမားတွေ ထွက်ခွာကြမလဲ? ဘယ်ကစားသမားတွေ ဆက််နေကြမလဲ ဆိုတာ သိရတာက တကယ်ပဲ ကောင်းမွန်ပါတယ်၊ ကျွန်တော် ရှရူဒါကို ဒါတွေ ကြိုတင်ပြောပြခဲ့ကြပါတယ်။




ဒါပေမယ့် အန်တိုနီလို နည်းစနစ်ကောင်းတဲ့ ကစားသမားမျိုးကို မန်ချက်စတာ ယူနိုက်တက် အသင််းဆီ လက်လွှတ်် ဆုံးရှုံးခံခဲ့ရတာက ကြီးမားတဲ့ ထိုးနှက်ချက်် တစ်ခုပါပဲ၊ သူ အကောင်းဆုံး ဖြစ်နိုင်ပါစေလို့ ဆုမွန်ကောင်းတွေ တောင်းပေးလိုက်ပါတယ်၊ ဒါပေမယ့် အခုလို ညမျိုးမှာတော့ ကျွန်တော်တို့ သူ့ကို

တကယ််ပဲ လွမ်းဆွတ်မိခဲ့ကြပါတယ်၊ လို့ လီိဗာပူးနဲ့ ရှုံးပွဲအပြီးမှာ အခုလို ငြီးတွားသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနက်ဖြန်မှာ ရှရစ်ဖ်အသင်းနဲ့ ယူရိုပါလိဂ် ကစားရဖို့ရှိနေပြီး အန်တိုနီလည်း ပွဲထွက်လာဖို့ ရှိနေပါတယ်။

credit