ယူရိုပါလိဂ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် ကြယ်တစ်ပွင့်နဲ့ ရင်ဆိုင်ဖို့ မစောင့်နိုင်တော့ကြောင်း ရှရစ်ဖ် ကြယ်ပွင့် ထုတ်ပြော
|မော်ဒိုဗာထိပ်သီး ကလပ် ရှရစ်ဖ်ရဲ့ ကြယ်ပွင့် ကစားသမား အကန်ဘီ က သူဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲကို ကစားဖို့ မစောင့်နိုင်တော့ကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယား နဲ့ ရင်ဆိုင်ကစားဖို့ အဆင်သင့် ဖြစ်နေကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
၂၃ နှစ်အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား အကန်ဘီက ရှရစ်ဖ်ရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံး ရာသီမှာလည်း ရှရစ်ဖ် အတွက် ပြိုင်ပွဲစုံမှာ ၁၄ ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ ဂိုး သွင်းယူထားနိုင်ခဲ့ပြီ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားနိုင်သူပါ။
အကန်ဘီက လျင်မြန်သလို တိုက်စစ်ရဲ့ နေရာစုံမှာ ကစားနိုင်စွမ်းရှိသူ တဦး ဖြစ်တာကြောင့် ပြိုင်ဘက် ခံစစ်ကြောင်းတွေကို ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ပေးနိုင်စွမ်းရှိသူ ဖြစ်ပြီး တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယား ဟာ လျင်မြန်တဲ့ တိုက်စစ်မှူးတွေကို ထိန်းချုပ် ကစားနိုင်စွမ်း
နည်းပါးတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူ တဦးပါ၊
ဒါကြောင့်ပဲ အကန်ဘီက သူဟာ မက်ဂွိုင်းယား အပါအဝင် မန်ချက်စတာ ယူနိုက်တက် ရဲ့ ခံစစ်မှူးတွေကို ဒုက္ခပေးနိုင်မယ်လို့ ယုံကြည်နေပြီး သူဟာ မက်ဂွိုင်းယားနဲ့ ရင်ဆိုင်ကစားဖို့ မစောင့်နိုင်တော့ကြောင်း ပွဲကြို အင်တာဗျူးမှာ ထုတ်ပြောသွားခဲ့ပါတယ်။
အကန်ဘီက- ကျွန်တော်က အန်တိုနီ၊ ရော်နယ်ဒိုနဲ့ ရက်ရှ်ဖို့ဒ် တို့ကို ပြိုင်ဘက်တွေ အဖြစ် ရင်ဆိုင် ကစားချင်ပါတယ်၊အထူးသဖြင့် ကျွန်တော်က မက်ဂွိုင်းယားနဲ့ အရမ်းကို ရင်ဆိုင်ချင်နေပါပြီ၊ မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲက ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ ပွဲ တစ်ပွဲပါ။
မန်ချက်စတာ ယူနိုက်တက် လို ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတာက ကျွန်တော်တို့ ရှရစ်ဖ်အသင်း အတွက် ကောင်းသလို ကျွန်တော်တို့ကလည်း မန်ချက်စဝာာ ယူနိုက်တက် နဲ့ ပွဲမှာ အစွမ်းကုန် ကြိုးစား ကစားသွားမှာပါ၊ ကျွန်တော်က အသင်းဖော်တွေကို ယုံကြည်သလို နည်းပြရဲ့ နည်းစနစ်တွေကိုလည်း ယုံကြည်ထားပါတယ်လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။
credit