မန်ချက်စတာ ယူနိုက်တက် တို့ ယနေညမှာ ယူရိုပါလိဂ် ဒုတိယမြောက် ရှုံးပွဲကြုံမလား၊ အနိုင် သုံးမှတ်ကို ဂိုးပြတ်ရယူသွားမလား ပွဲကြို သုံးသပ် ခန့်မှန်းချက်

Manchester United အသင်းဟာ ယနေ့ညမှာ ရှရစ်အသင်း အိမ်ကွင်းကို သွားရောက် ကစားရမှာ ဖြစ်ပါတယ်၊ ယူရိုပါလိဂ်ရဲ့ ဒုတိယပွဲစဥ် ဖြစ်ပြီး ပွဲစဥ် (၁) မှာ ရီးရဲလ် ဆိုစီဒတ် ကို ရှုံးနိမ့်ထားတာကြောင့် ရှရစ်အသင်းကို အနိုင်ယူပြီး (၃) မှတ် ရရှိဖို့ အရေးကြီးတဲ့ ပွဲစဉ် တစ်ပွဲလည်း ဖြစ်ပါတယ်။




ရှရစ်အသင်းဟာ အသင်းငယ်လေး တသင်း ဖြစ်ပေမယ့် ခြေစစ်ပွဲမှာ ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ကို ပြုတ်ကျလာတာ ဖြစ်ပြီး ပွဲစဥ် (၁) မှာလည်း ၀-၃ နဲ့ ပြတ်ပြတ်သားသား အနိုင်ယူပြီး ဇယားထိပ် တက်ထိုင်နေတာ ဖြစ်ပါတယ်၊ ဒါအပြင် မနှစ်က ရီးရဲလ် မက်ဒရစ် အသင်းကို ဘာနေဗြူးမှာတောင် အနိုင်ယူပြခဲ့တာ ဖြစ်တာမို့ လျော့တွက်လို့တော့ မရပါဘူး။




လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ရီးရဲလ် ဆိုစီဒတ် နဲ့ ယူရိုပါလိဂ် ကန်ပြီးကတည်းက ဘုရင်မကြီး အဲလီဇဘက် ကွယ်လွန်မှုကြောင့် နားထားရတာ ဖြစ်ပြီး ယမှသာ ပွဲစကန်ရမှာ ဖြစ်လို့ နားချိန် ပြည့်ပြည့်၀၀ ရထားတာ ဖြစ်ပါတယ်၊ ရှရစ်နဲ့ ပွဲမှာ ဒီဂီယာ၊ ဒါးလော့ဒ်၊ ဗာရိန်း၊ မာတီနက်ဇ်၊ မာလာစီယာ နဲ့ တော်မီနေး၊ ဖာနန်ဒက်စ်




အဲရစ်ဆင် တို့ကို ပွဲထွက်ဖွယ် ရှိပြီး တိုက်စစ်မှာတော့
အန်တိုနီ၊ ရက်ဖို့ဒ်နဲ့ ဆန်ချို တို့ကို ပွဲထုတ်တာ အတောင့်တင်းဆုံး လူအင်အားနဲ့ ဒီရာသီရဲ့ ရှုံးပွဲမရှိသေးတဲ့ လူစာရင်းကို အသုံးပြုလာနိုင်ပါတယ်၊ ရှရစ်ဟာ ခံစစ်မာတဲ့အသင်း ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ကလည်း ခံစစ်က တော်တော်လေးကို ကျစ်လစ်လာတာကြောင့် ဂိုးတွေအများကြီး မြင်ရဖွယ်တော့ မရှိပါဘူး။




ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နားချိန် ပိုမိုရရှိမှု၊ နိုင်ပွဲ ဆာလောင်မှုနဲ့ အတူ ရှရစ်ကို ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင် ကစားပြီး ယူရိုပါလိဂ်မှာ ပထမဆုံး နိုင်ပွဲ ရယူနိုင်ပါလိမ့်မယ်။

credit