ယနေ့ည ယူရိုပါလိဂ် ပွဲစဉ်ကို လွဲချော်ရမယ့် ကစားသမား ၅ ဦး
|လက်ရှိ ရာသီမှာ အသင်းအတွက် ခြေစွမ်းပြ ကစားထားတဲ့ အသက် ၂၄ နှစ်အရွယ် ကစားသမား ရက်ရှ်ဖို့ဒ် အပါအဝင် မာရှယ်၊ ဗန်ဒီဘိခ်နဲ့ ဝမ်ဘစ်ဆာကာ တို့ ၄ ဦးဟာ ယူရိုပါလိဂ် ပွဲစဉ်ကို လိုက်ပါနိုင်မှာ မဟုတ်ပါဘူး။
မော်ဒိုဗာကို သွားရောက်မယ့် ခရီးမတိုင် ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ အဆိုပါ ကစားသမား ၄ ဦး မပါဝင်ဘဲ လေ့ကျင့်ခန်း ဆင်းခဲ့ကြတာ ဖြစ်ပါတယ်၊ အဲရစ် တန်ဟက်ဂ် ရဲ့ ကစားသမားအင်အားက တောင့်တင်းနေတာ ဖြစ်ပြီး ရော်နယ်ဒို အပါအဝင် ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ လုခ်ရှောလည်း ပါဝင်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဆိုစီဒက်စ်ကို ရှုံးနိမ့်ပြီးနောက် အုပ်စု (E) မှာ ပထမဆုံး ရမှတ်ကို ရယူနိုင်ဖို့ မန်ချက်စတာ ယူနိုက်တက် ဟာ ရှာဖွေရမှာ ဖြစ်ပါတယ်၊ ရက်ရှ်ဖို့ဒ်၊ ဆန်ချိုနဲ့ မက်ဂွိုင်းယား တို့ဟာ အင်္ဂလန်အသင်းရဲ့ ခေါ်ယူခြင်းကို ခံရဖို့ မျှော်လင့်နေကြတာ ဖြစ်ပြီး ဆောက်ဂိတ်ရဲ့ ကမ္ဘာ့ဖလားကစားမယ့် လူစာရင်းမှ ယာ ပါဝင်ဖို့ ပစ်မှတ်ထားနေကြတာ ဖြစ်ပါတယ်။
ယခုလ နှောင်းပိုင်းမှာ အင်္ဂလန်ဟာ နေးရှင်းလိဂ်တွင် အီတလီ၊ ဂျာမနီ တို့နဲ့ ရင်ဆိုင်ရမှ ာဖြစ်ပြီး ကမ္ဘာ့ဖလားပွဲစဉ် အဖြစ် နိုဝင်ဘာ ၂၁ ရက်နေ့ အီရန်နဲ့ စတင်မကစားမီ ကစားသမားတွေကို စောင့်ကြည့်ဖို့ အတွက် ဆောက်ဂိတ်အဖို့ အခွင့်အရေး ရှိနေတာဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယားရဲ့ မေးခွန်းထုတ်စရာ ကစားပုံများကြောင့် အကျပ်ရိုက်နေတာ ဖြစ်ပြီး
လက်ရှိမှာလည်း ခံစစ်မှုးဟာ တန်ဟက်ဂ် ရဲ့ လက်အောက်မှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေတာ ဖြစ်ပါတယ်၊ မက်ဂွိုင်းယားဟာ အဖွင့်ပွဲစဉ် ၂ ပွဲကို ကစားခဲ့ရသော်လည်း နောက်ပိုင်း ပွဲစဉ်တွေမှာ အရန်ခုံထိုင်ခဲ့ရတာ ဖြစ်ပါတယ်၊ အခြား ကစားသမားတွေရဲ့ ခြေစွမ်း မတည်ငြိမ်မှုများကြောင့် မက်ဂွိုင်းယားက သူ့နေရာကို ထိန်းထားနိုင်ဖွယ် ရှိနေပြီး ဗီလာအသင်းရဲ့ တိုင်ရွန်မင်းက
ရာသီအစမှာ အကောင်းဆုံး ကစားနိုင်ခြင်းမရှိနေတာ ဖြစ်ပါတယ်၊ ဝုဗ်ကနေ အဲဗာတန်ကို အငှားဖြင့် လာရောက် ကစားခဲ့တဲ့ ကိုအာဒီ အတွက် အခွင့်အရေးကောင်းနေတာ ဖြစ်ပြီး ဂူရီဟီ၊ တိုမိုရီ တို့ကလည်း ရွေးချယ်စရာအဖြစ် ရှိနေကာ ဘန်ဝှိုက်ကလည်း အာဆင်နယ်အသင်းရဲ့ ညာနောက်တန်း အဖြစ် ကစားနေတာလည်း ဖြစ်ပါတယ်။
ဇွန်လမှာ မန်ချက်စတာ ယူနိုက်တက် ကစားသမား ၂ ဦး ဖြစ်တဲ့ ရက်ခ်ျဖို့ဒ်နဲ့ ဆန်ချိုတို့ကလည်း အင်္ဂလန်အသင်းရဲ့ နေးရှင်းလိဂ်ပြိုင်ပွဲ လူစားရင်းကနေ ချန်လှပ်ထားခြင်းခံခဲ့ရတာ ဖြစ်ပါတယ်၊ ရက်ချ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နွေရာသီ ဝင်ဘာလေမှာ ကစားခဲ့တဲ့ အီတလီနဲ့ ဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ခဲ့ပြီးတည်းက အင်္ဂလန်အတွက် မကစားခဲ့ရတာ ဖြစ်ပြီး ပင်နယ်တီ လွဲချော်ခဲ့တဲ့ ဆန်ချိုကလည်း (၁) ပွဲသာ ကစားထားရပါတယ်။
တန်ဟက်ဂ် ရဲ့ လက်အောက် ပရီးမီးယားလိဂ် ၆ ပွဲမှာ ဆန်ချိုဟာ ၂ ဂိုးသွင်းယူထားပြီး ရက်ချ်ဖို့ဒ်ကတော့ ၃ ဂိုးသွင်းယူထားပါတယ်၊ ကစားပုံနဲ့ ယုံကြည်မှုများ တိုးတက်လာသော်လည်း ဆောက်ဂိတ်ကတော့ သူတို့အတွက် စဉ်းစားကောင်း စဉ်းစားနိုင်ကာ ဂရီးလစ်ချ်ကလည်း လက်ရှိ ရာသီမှာ မန်စီးတီး အတွက် တစ်ပွဲသာ ပွဲထွက်ကစားထားရပါတယ်။
နော်တင်ဟမ် ဖောရက်စ်မှာ ပုံမှန် ကစားနေရသော်လည်း လင်ဂတ်ကတော့ သေချာပေါက် ချန်လှပ်ထားခြင်းခံရမှာ ဖြစ်ပါတယ်၊ ဘရိုက်တန်၊ ဘရန်ဖို့ဒ် တို့ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်မှာ ပါဝင်ခဲ့ပြီးနောက် အဲရစ် တန်ဟက်ဂ် ရဲ့ လက်အောက်မှာ နေရာပျောက်နေတဲ့ လုခ်ရှောရဲ့ အခြေအနေကလည်း မသေချာနေတာပါ၊ လုခ်ရှောဟာ ကလပ်မှာ ပွဲထွက်ခွင့် ကောင်းကောင်း မရထားတာကြောင့် ဘယ်နောက်တန်း နေရာမှာ
ဆောက်ဂိတ်ကတော့ နယူးကာဆယ်က ထရစ်ပီးယားကို အသုံးပြုဖို့ ဖြစ်လာရပါတယ်၊ ဘန်ချီဝဲလ်နဲ့ ထွိုင်ရစ်မစ်ချယ် တို့ရဲ့ ပုံစံများကြောင့် နောက်ထပ် ရွေးချယ်စရာ မရှိနေဘဲ ဆက်စီဂွန် အတွက် အသင်းကြီးက ခေါ်ယူမှု ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။
ဆောက်ဂိတ်ဟာ ကစားသမားတွေရဲ့ ကစားပုံကို ကြည့်ပြီး အမြဲတမ်း ခေါ်ယူတဲ့ အလေ့ရှိနေကာ ဘရန့်ဖို့ဒ် တိုက်စစ်မှုး တိုနေးကလည်း ပထမဆုံးအကြိမ် ခေါ်ယူခြင်း ခံရနိုင်ပါတယ်၊ အသင်းခေါင်းဆောင် ဟယ်ရီကိန်းကတော့ သေချာပေါက် ပါဝင်လာမှာ ဖြစ်သော်လည်း ပရီးမီးယားလိဂ် ၆ ပွဲတိုင် ၅ ဂိုး သွင်းယူထားတဲ့ တိုနေးကတော့
အရန်ကစားသမား အဖြစ်သာ ရှိလာမှာ ဖြစ်ပါတယ်၊ ဂိုးသမား ပစ်ဖို့ဒ်ကတော့ ဒဏ်ရာကြောင့် နားနေရတာဖြစ်ပြီး ရမ်ဒေးစ်နဲ့ နစ်ပုပ်တို့က ပါဝင်လာဖို့ရှိနေပါတယ်။ ဟန်ဒါဆင်ကတော့ နော်တင်ဟမ်မှာ လက်စွမ်းပြသနေတာကြောင့် ခေါ်ယူခြင်းခံရနိုင်ပါတယ်။
credit