မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ် နှစ်သင်းထဲက ကြမ်းတိုက်ရမယ့် တစ်သင်းကို ဟောကိန်းထုတ်လိုက်တဲ့ စပါးတိုက်စစ်မှူးဟောင်း
|တော့တင်ဟမ်ဟော့စပါး အသင်းရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်သူ ဂျာမိန်းဒီဖိုးက ဒီရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် အမှတ််ပေးဇယားမှာ ပြိုင်ဖက် အာဆင်နယ်အသင်း အထက်မှာ သေချာ ရပ်တည်နိုင်လိမ့်မယ်လို့ ဟောကိန်း ထုတ်လိုက်ပါတယ်။
တော့တင်ဟမ်ဟော့စပါး အသင်းဆီ နည်းပြ အဖွဲ့ဝင် တစ်ဦး အဖြစ် ပြန်လည် ရောက်ရှိလာခဲ့တဲ့ ဂျာမိန်းဒီဖိုးဟာ အသင်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ခဲ့တဲ့ အဲရစ်တန်ဟက်ဂ် ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို နှစ်ခြိုက်နေခဲ့တာပဲ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ ရာသီ အဖွင့်ပွဲ နှစ်ပွဲမှာ ရှုံးပွဲဆက်တိုက်
ကြုံတွေ့ခဲ့ရပေမဲ့ နောက်ပွဲစဥ်တွေမှာ လေးပွဲဆက် အနိုင်ယူနိုင်ခဲ့ပြီး အမှတ််ပေးဇယား အဆင့် 20 နေရာမှ အဆင့် 5 နေရာ အထိ တက််လှမ်း နိုင်ခဲ့တာပဲ ဖြစ်ပါတယ်၊ အခြားတဖက်မှာတော့ အာဆင်နယ် အသင်းဟာ ရာသီစတင်ပြီးနောက် 5 ပွဲဆက်တိုက် အနိုင်ယူနိုင်ခဲ့ပြီး ပွဲစဥ် 6 ရောက်မှ မန်ချက်စတာ ယူနိုက်တက် ကို စတင်ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ အာဆင်နယ်တို့ အမှတ်ပေးဇယား အဆင့် 1 နေရာမှာ ရပ်တည်နေဆဲပါပဲ၊ ဒါ့အပြင် ဒီရာသီ အာဆင်နယ် အသင်းဟာ အဖက်ဖက်မှာ ပိုပြီး တောင့်တင်းလာခဲ့တာလည်း သိသာခဲ့ပါတယ်၊ ဒါပေမဲ့ ဒီဖိုးကတော့ ရာသီအကုန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းက မြို့ခံပြိုင်ဖက် အာဆင်နယ် အထက်မှာ သေချာပေါက် ရပ်တည်နိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီအကုန်မှာ အာဆင်နယ် အထက် ရပ်တည်နိုင်ပါ့မလားလို့ အမေးခံလိုက်ရတဲ့ အခါမှာတော့ ကျွန်တော်ကတော့ yes လို့ပဲ ပြောသွားမှာပါ၊ ဟုတ်တယ်် မဟုတ်လား? အာဆင်နယ် အသင်းကို သူတို့ နိုင်ခဲ့တဲ့ ပုံစံ၊ သူတို့ ကစားခဲ့ပုံ သူတို့ ရှေ့ဆက် ကစားကြမယ့် ပုံစံဲမျိုးကို ကြည့်လိုက်တဲ့ အခါမှာ ကျွန်တော်ကတော့ Yes လို့ပဲ ပြောလိုက်မှာပါ။
သေချာပါတယ်၊ ရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အာဆင်နယ် အသင်း အထက်မှာပဲ ရပ်တည်သွားပါလိမ့်မယ်။ လို့ ဂျာမိန်းဒီဖိုးက ဟောကိန်းထုတ်သွားတာပဲ ဖြစ်ပါတယ်။
credit