ရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝအတွင်း ပထမဆုံးသော ယူရိုပါလိဂ်သွင်းဂိုးနဲ့အတူ ပြတ်ပြတ်သားသား အနိုင်ယူနိုင်တဲ့ ယူနိုက်တတ်တို့ပွဲပြီး သုံးသပ်ချက်

မန်ယူအသင်းကတော့ ရှရစ်အသင်းနဲ့ ယူရိုပါလိဂ်ဒုတိယပွဲစဥ်အဖြစ်ကစားခဲ့ပါတယ်။ပထမပွဲမှာ ရှုံးနိမ့်ထားတာကြောင့်ဒီပွဲမှာ အနိုင်ရအောင်အစွမ်းကုန်ကြိုးစားလာပါတယ်။ဂိုးသမားနေရာမှာ ဒီဂီယာ၊နောက်တန်းမှာအတွဲအဖက်မိနေတဲ့ ဒါးလော့ဒ်၊မာတီနက်ဇ်၊ဗာရိန်းနဲ့ မာလာစီယာတို့ကိုပွဲထုတ်ခဲ့ပါတယ်။ကွင်းလယ်ခံစစ်မှာတော့ တော်မီနေးနဲ့ အဲရစ်ဆင်ကိုအသုံးပြုခဲ့ပြီးကွင်းလယ်တိုက်စစ်အတွက် ဆန်ချို၊ဖာနန်ဒတ်နဲ့ အန်တိုနီတို့ကိုအသုံးပြုခဲ့ပြီးအထောင်တိုက်စစ်မှာတော့ ရော်နယ်ဒိုကိုအသုံးပြုခဲ့ပါတယ်။ရက်ဖို့ဒ်ကတော့ဒဏ်ရာပြဿနာကြောင့် ဒီနေ့ပွဲကိုမပါ၀င်နိုင်ခဲ့ပါဘူး။




ပထမပိုင်းမှာ မန်ယူကပဲ ဘောလုံးကိုင်ကစားနေပြီး ရှရစ်ကတော့ ခံစစ်ကိုအားပြုကစားနေခဲ့ပါတယ်။အခွင့်ကောင်းတွေဟာ ရော်နယ်ဒိုစီရောက်ပေမယ့် ပြိုင်ဖက်နဲ့ ကာယပိုင်းသိပ်မယှဥ်တာကြောင့် အသုံးချရခက်နေပါတယ်။၁၇မိနစ်မှာတော့ အဲရစ်ဆင်ရဲ့ ပေးပို့မှုကို ဆန်ချိုက နောက်တန်းကိုလှည့်ထွက်ပြီး လှလှပပသွင်းကာ မန်ယူအသင်းအတွက် အဖွင့်ဂိုးရယူပေးခဲ့ပါတယ်။ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် မန်ယူအသင်းကပဲ ဆက်တိုက်ဖိအားပေးကစားနေပြီး ရှရစ်အသင်းကလည်း ခံစစ်ကိုပဲဆက်လက်အားပြုကစားနေပါတယ်။




မန်ယူအသင်းရဲ့ ဖိအားပေးကစားပုံကတော်တော်လေးက်ုကောင်းမွန်နေတာကြောင့် ရှရစ်အသင်းက လူပေးခဏခဏမှားနေပြီး မန်ယူအသင်းအတွက် အခွင့်အရေးကောင်းတွေရစေပါတယ်။အန်တိုနီရဲ့ဖန်တီးမှုကို ဆန်ချိုအနီးကပ်ပ်တ်သွင်းခဲ့ပြီး ဂိုးသမားကျော်သွားပေမယ့် ဂိုးစည်းနားမှာပဲ နောက်တန်းက ပြန်လဘ်ဖြတ်ထုတ်သွားခဲ့ပါတယ်။




၃၉မိနစ်မှာတော့ ဒါးလောဒ်ကြောင့်ရတဲ့ ပင်နယ်သီကို ရော်နယ်ဒိုကန်သွင်းခဲ့ပြီး ရှရစ်အသင်းကို ၂ဂိုးပြတ်ဦးဆောင်ထားနိုင်ပါတယ်။ဒါဟာရော်နယ်ဒိုအတွက် ဒီရာသီပထမဆုံးသွင်းဂိုးဖြစ်ပြီး ယူရိုပါလိဂ်မှာ ပထမဆုံးသွင်းဂိုးဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့ တော်မီနေးနေရာကိုကပ်စမဲရိုးထည့်လိုက်ပြီး ပွဲကိုထိန်းချုပ်ဖို့ကြိုးစားလာပါတယ်။ဒုတိယပိုင်းမှာ ဂိုးလိုနေတဲ့ရှရစ်တို့ တိုက်စစ်ဆင်လာပေမယ့် မန်ယူလက်ထဲဘောလုံးရောက်သွားရင် သူတို့ခံစစ်ကိုပဲစုပြုံကစားနေပြီး တန်ဟန်တိုက်စစ်ကိုသာ အားပြုကစားနေပါတယ်။




မန်ယူအသင်းကတော့ ကစားအားကိုနည်းနည်းလျော့လိုက်ပြီးပွဲကိုထိန်းကစားကာ တစ်ချက်တစ်ချက်သာထိုးဖောက်တိုက်စစ်ဆင်နေပါတယ်။မန်ယူအသင်းရဲ့တစ်ပတ်လေုက်အနားယူမှုက အသင်းရဲ့ကစားဟန်ကိုအတော်လေးက်ုတိုးတက်စေပြီး ပြိုင်ဘက်ရှရစ်ကလည်းအမှားများကာ အဆင့်အတန်းကွာတယ်ဆိုတာ သိသိသာသာမြင်ခဲ့ရပါတယ်။ဒီပုံစံအတိုင်းသာဆက်သွားရင် မန်ယူအသင်းက ကစားကွက်ကစားပုံကအစကြည့်ကောင်းလာမှာဖြစ်ပြီးအသင်းကြီးတစ်သင်းရဲ့ လက္ခာနဲ့ပြည့်စုံတဲ့ အသင်းဖြစ်လာတော့မှာပါ။




မန်ယူနောက်တန်းကလည်း ကျစ်လစ်တာကြောင့် ဒီဂီယာတောင် ၂လုံးလောက်ပဲ ကာကွယ်လိုက်ရပါတယ်။အဲရစ်ဆင်ကတော့အထူးချီးကျူးရမယ့်ကစားသမားဖြစ်ပြီး တစ်ကွင်းလုံးပတ်ကစားကာ တိုက်စစ်လမ်းကြောင်းတွေဖွင့်ပေးနိုင်သလို သူ့စီကနေပဲ အကွင်မြင်မြင်ပေးပို့မှုတွေနဲ့ အခွင့်အရေးကောင်းတွေစတင်တာဖြစ်ပါတယ်။




crd-hh