မော်လ်ဒိုဗာ မြေမှာ သုံးမှတ်ရယူနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည် အပေါ် သုံးသပ်ကြည့်ခြင်း

0
542

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တည်ငြိမ်စွာ ကစားရင်း နိုင်ပွဲရယူနိုင်ခဲ့ပေမယ့် မြိုင်ဆိုင်တဲ့ကစားဟန် တစ်ခုကိုတော့ မပြသနိုင်ခဲ့ပါဘူး၊ ဘယ်လိုပဲဖြစ်ပါစေ အဖွင့်ပွဲမှာ ရီးရဲလ် ဆိုဆီဒတ် ကို ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ အဖိုးတန်ရမှတ် (3) မှတ်ကို အဝေးကွင်းမှာ စုဆောင်းနိုင်ခဲ့ပါတယ်၊ မော်လ်ဒိုဗာ မြေမှာ လိုအပ်တဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဘယ်သူတွေ အကောင်းဆုံး ကစားပေးနိုင်ခဲ့ကြလဲ ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။




ဒီဂီယာ (6)

အစောပိုင်း မိနစ်မှာ အမှားကျူးလွန်မိမလို ဖြစ်ခဲ့ပါသေးတယ်၊ ဒီအတွက် ဒါးလော့လည်း အပြစ် မကင်းခဲ့ပါဘူး၊ လိုအပ််တဲ့ ဂိုးပေါက် ကာကွယ်မှုတွေ လုပ်ပြနိုင်ခဲ့ပါတယ်။

ဒါလော့ (6)

ဒီဂီယာကို ပြသနာ ဖြစ်စေနိုင်မယ့် ဘောလုံးပေးပို့မှု တစ််ကြိမ်ကို ပို့ဆောင်သွားခဲ့ပါတယ်၊ အကောင်းဆုံးပုံစံ မပြသနိုင်ခဲ့ပေမဲ့ ပင်နယ်တီ ရယူပေးနိုင်ခဲ့ပါတယ်။




ဗာရန်း (7)

ဘောလုံးကိုင်ပြီး တည်တည်ငြိမ်ငြိမ် ကစားပြနိုင်ခဲ့ပြီး တိုက်စစ်ဆင် ကစားနိုင်ဖို့အတွက် လမ်းကြောင်းတွေ ဖွင့်ပေးနိုင်ခဲ့ပါတယ်၊ ခံစစ််ပိုင်းသိပ်ပြီး အလုပ်မရှုပ်ခဲ့ရပါဘူး။

မာတီနက်ဇ် (7)

ဗာရန်း နည်းတူ ကစားပုံ ကျေနပ်စရာ ဖြစ်ခဲ့ပြီး ရော်နယ်ဒို အတွက်လည်း အခွင့်အရေး ဖန်တီးပေးနိုင်ခဲ့ပါတယ်၊ ဘောလုံးကိုင် ကစားပုံ သပ်ရပ်ခဲ့ပါတယ်။

မာလာစီယာ (7)

ပြိုင်ဖက်တိုက်စစ်ကို အတော်လေး ကြိုးကြိုးစားစား ခုခံနိုင်ခဲ့သလို တိုက်စစ်ပိုင်းမှာလည်း ဘရူနို၊ ဆန်ချို တို့နဲ့ ကောင်းကောင်း ချိတ်ဆက် ကစားပေးနိုင်ခဲ့ပါတယ်။




မက်တော်မီနေး (7)

ပထမပိုင်းမှာ ပွဲစဥ်ကို ကောင်းကောင်း ထိန်းချုပ် ကစားပေးနိုင်ခဲ့ပါတယ်၊ ဘောလုံးလုယူမှုနဲ့ ဖျက်ထုတ်မှုတွေ အတော်လေး သေသပ်လာခဲ့ပါပြီ၊ ဘောလုံးကိုင် ကစားပုံလည်း ကောင်းခဲ့ပြီး အဖွင့်ဂိုး ရရှိစေနိုင်ခဲ့ပါတယ်။

အဲရစ်ဆင် (8)

ပွဲတိုင်းကျော်ကတော့ ဒီပွဲမှာလည်း ရောဂါအခံရှိသူ တဦးနဲ့ လုံးဝ မတူအောင် ကစားပြနိုင်ခဲ့သလို ဆန်ချို ရဲ့ အဖွင့်ဂိုးကိုလည်း လှလှပပ ပေးပို့ဖန်တီးသွားနိုင်ခဲ့ပါတယ််။




ဆန်ချို (8)

အဖွင့်ဂိုးကို ကောင်းမွန်စွာ သွင်းယူပြသွားနိုင်ခဲ့ပြီး တိုက််စစ်ဆင် ကစားပုံလည်း ကျေနပ်ဖွယ် ဖြစ်ခဲ့ရပါတယ်၊ တကိုယ်တော် စွမ်းဆောင်ရည် ပြသနိုင်ဖို့ လိုအပ်ပါသေးတယ်။

ဘရူနို (6)

ရော်နယ်ဒို နဲ့ မကြာခန နေရာချင်းလဲပြီး ကစားခဲ့ပါတယ်၊ ဒါပေမယ့် ပြိုင်ဖက်ခံစစ်ကို ဖရိုဖရဲ ဖြစ်အောင် မလုပ်နိုင်ခဲ့ပါဘူး၊ တိုးတက်ဖို့ လိုအပ်နေပါသေးတယ်။

အန်တိုနီ (6)

လှပတဲ့ ပေးပို့မှုတွေနဲ့ တစ်ကိုယ်တော် စကေးပြသမှုတွေကို လုပ်ဆောင်နိုင်ခဲ့ပြီး သွင်းဂိုးမှာ ပါဝင်ပတ်သက် နိုင်ခဲ့ပေမယ့် ဆန်ချိုလောက် မတောက်ပနိုင်ခဲ့ပါဘူး။




ရော်နယ်ဒို (7)

သွင်းဂိုး ရရှိနိုင်ဖို့ ကြိုးကြိုးစားစား ကစားခဲ့ပေမယ့် အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ပါဘူး၊ ပင်နယ်တီကိုတော့ အမှားအယွင်း မရှိ သေသပ်စွာ ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်၊ လူစားဝင် ကစားသမားများ- ကတ်စ်မဲရိုး (6) ၊ လှခ်ရှော (6) ၊ အီလန်ဂါ (6) ၊ မက်ဂွိုင်းယား (NA) ၊ ဂါနာချို (NA)

credit