England လက််ရွေးစင် အသင်းမှ ချန်လှပ်ခံရတဲ့ အပေါ် တုန့်ပြန်လိုက်တဲ့ ဆန်ချို
|မန်ချက်စတာ ယူနိုက်တက် တောင်ပံ တိုက်စစ် ကစားသမား ဂျေဒန်ဆန်ချို က နည်းပြ ဂါးရတ် ဆောက်ဂိတ် ဟာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ၎င်းကို ရွေးချယ်ခြင်း မပြုခဲ့တဲ့ အပေါ် သူ အလုပ်ကြိုးစားဖို့ လိုအပ်သေးတာကြောင့်လို့ ယူဆနေပါတယ်။
အင်္ဂလန် နည်းပြ ဂါးရတ်ဆောက်ဂိတ် ဟာ လာမယ့် တစ်ပါတ် အီတလီ လက်ရွေးစင် အသင်းနဲ့ ကစားဖို့ အတွက် ပဏာမ ကစားသမား (28) ဦး စာရင်းကို ထုတ်ပြန် ကြေငြာခဲ့ရာမှာ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ဂျေဒန်ဆန်ချို ကို ချန်လှပ်သွားခဲ့သလို ဒဏ်ရာရနေတဲ့ နားကပ်စ်ရပ်ရှ်ဖို့ ကိုလည်း မထည့်သွင််းသွားခဲ့ပါဘူး။
အံ့သြစရာ တစ်ခုကတော့ မန်ချက်စတာ ယူနိုက်တက် အတွက် ပွဲထွက်ခွင့်တွေနဲ့ အတူ ပုံစံကောင်းတွေ ပြန်လည် ပြသလာနိုင်ခဲ့ကြတဲ့ ဆန်ချို နဲ့ ရပ်ရှ်ဖို့ တို့ မပါဝင် နိုင်ခဲ့ကြပေမယ့် ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေခဲ့တဲ့ မက်ဂွိုင်းယား နဲ့ လုခ်ရှော တို့ကတော့ ဒင်းန်ဟန်ဒါဆန် နဲ့ အတူ လက်ရွေးစင် အသင််းမှာ အရွေးခံခဲ့ကြတာပဲ ဖြစ်ပါတယ်။
ဒီကစားသမား စာရင်းကို ကြေငြာခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ယူရိုပါလိဂ် ပြိုင််ပွဲရဲ့ အုပ်စု ပွဲစဥ် (2) အဖြစ် မော်လ်ဒိုဗာ မြေမှာ FC ရှရိဖ် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး ဆန်ချိုနဲ့ ရော်နယ်ဒို တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ နိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ်၊ ဒါဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ပွဲစဥ် (8) ပွဲ ကစားပေးထားခဲ့တဲ့
ဂျေဒန် ဆန်ချို ရဲ့ တတိယမြောက် သွင်းဂိုး ဖြစ်သွားပြီး ပထမဆုံး အကြိမ် ဒီပြိုင်ပွဲမှာ ပါဝင် ကစားခဲ့ရတဲ့ အင်္ဂလန််သားရဲ့ ယူရိုပါလိဂ် ပထမဆုံး သွင်းဂိုးလည်း ဖြစ်ပါတယ်၊ အဆိုပါ ပွဲစဥ် အပြီးမှာတော့ အင်္ဂလန် လက်ရွေးစင် အသင််းရဲ့ ဥရောပ နေးရှင်းလိဂ် ပြိုင်ပွဲ ကစားရမယ့် ကစားသမား စာရင်းမှာ အရွေးမခံရတဲ့ အပေါ် မှတ်ချက်ပေးဖို့
အမေးခံရချိန်မှာ ဆန်ချိုက နိုင်ငံအသင်း အတွက် ကစားပေးဖို့က သူ့ရဲ့ ပစ်မှတ်ဖြစ်ကြောင်း၊ ကစားခွင့်ရနိုင်ဖို့ ဆက်လက် ကြိုးစားသွားရုံသာ ရှိကြောင်း ဖွင့်ပြောလိုက်ပါတယ်၊ ဆန်ချိုက- လက်ရွေးစင် အသင်းမှာ ရာနှုန်းပြည့် ပါဝင်် ကစားပေးချင်တာပါ၊ ဒါဟာ ကျွန်တော့်ရဲ့ ပစ်မှတ် တစ််ခုပါ၊ လက်ရွေးစင် အသင်းကြီးမှာ အရွေးမခံရတာကတော့ တကယ့်ကို ကံဆိုးမှု တစ်ခုပါ။
ဒါပေမယ့် ကျွန်တော့်အနေနဲ့ မိမိကိုယ်ကိုပဲ အာရုံစိုက််ရင်း အပါတ်စဥ် အပါတ်တိုင်း အလုပ်တွေ ဆက်လက််ပြီး ကြိုးစားသွားရမှာပါ၊ ကျွန်တော် ရှေ့ဆက် လုပ်သွားမှာလည်း ဒါတွေပါပဲလို့ ဆန်ချိုက တုန့်ပြန် ဖြေကြား သွားခဲ့တာပဲ ဖြစ်ပါတယ်။
credit