လုပ်ရပ်တခုကြောင့်ပင်နယ်တီသွင်းပြီး မန်တက်နေတယ်လို့ ရှရစ်ဖ်ပရိတ်သတ်များပြောဆို
|မနေ့ညက ရှရစ်ဖ်ကို နှစ်ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ် ပထမပိုင်း ပြီးဆုံးချိန်မှာ ကွင်းထဲမှ ထွက်ခွာလာတဲ့ ခရစ္စတီယာနို ရော်နယ်ဒို ဟာ သူနဲ့ အတူ ဓါတ်ပုံတွဲရိုက်ဖို့ ကြိုးစားလာတဲ့ မိန်းကလေး ပရိသတ် တစ်ဦးရဲ့ တောင်းဆိုမှုကို ငြင်းဆန်ခဲ့မိပါတယ်။
၃၇ နှစ်အရွယ် ပေါ်တူဂီ ကြယ်ပွင့်ဟာ ပင်နယ်တီမှ တဆင့် ယခုရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် သူရဲ့ ပထမဆုံး သွင်းဂိုးကို ရယူပြီးနောက် ပထမပိုင်း ပွဲကစားချိန် ပြီးဆုံးလို့ ကွင်းတွင်းဥမင် လိုဏ်ခေါင်းဆီ လျှောက်လှမ်းလာခဲ့တာပါ။
ဒီအချိန်မှာပဲ ပွဲစဉ်ရဲ့ဆေးဝန်ထမ်းတစ်ဦးလို့ ယူဆရတဲ့ မိန်းကလေး တစ်ယောက်က ရော်နယ်ဒို အနားကို ကပ်လာဖို့ ကြိုးစားခဲ့ပြီး ဓါတ်ပုံရိုက်ခွင့်ရဖို့ တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်၊ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ် တိုက်စစ်မှူးဟောင်းက ဒါကို ခွင့်ပြုလိုတဲ့ ပုံစံ မတွေ့ရပါဘူး။
သူက ဆေးဝန်ထမ်း မိန်းကလေး အနားကပ်မလာနိုင်အောင် သူရဲ့လက်နဲ့ တွန်းထုတ်လိုဟန် ပြသခဲ့ပြီး တာဝန်ရှိသူ တစ်ဦးကလည်း အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ဖြစ်စေဖို့ သူတို့နှစ်ဦးကြား ရောက်ရှိလာခဲ့ပါတယ်၊ ဒီအပြုအမူနဲ့ ပက်သက်ပြီး ရှရစ်ဖ် ပရိတ်သတ်တဦးက
ခံပြင်းစရာပါပဲ၊ သူပင်နယ်တီသွင်းပြီး ဂိုးရခဲ့တာပါ၊ သူမန်တက်နေတာ ရယ်စရာပါပဲ။ လို့ပြောဆိုလိုက်ပြီး၊ အခြား ပရိတ်သတ် တဦးကလည်း ရော်နယ်ဒိုရဲ့ လုပ်ရပ်က စိတ်ပျက်စရာပါပဲ။
သူ အရင်ကလို မဟုတ်တော့ဘူး၊ မန်ချက်စတာ ယူနိုက်တက် မှာ သူ စိတ်ဓါတ်ပျက်စီးသွားတာလား? ဒါမှမဟုတ် အရင်ကတည်းက ဟန်ဆောင်နေခဲ့တာလား မတွေးတတ်တော့ဘူး လို့ တွတ်တာမှာ ရေးသား ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
မော်လ်ဒိုဗာနိုင်ငံ အလယ်ပိုင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း ပယ်နယ်တီ သွင်းဂိုးရရှိခဲ့တဲ့ ရော်နယ်ဒိုဟာ ယခုရာသီ ၇ ပွဲဆက် သွင်းဂိုး ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပြီး ဂိုးပေါက်တွေ့ရှိခဲ့ပြီ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကတော့ လာမယ့် နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် အထိ ပွဲစဉ်တွေ ကစားရဖို့ မရှိပါဘူး။
ဗြိတိန် ဘုရင်မကြီး အယ်လိဇဘက် II ရဲ့နတ်ရွာစံဈာပန အခမ်းအနား ရှိနေခြင်းကြောင့် ရဲဝန်ထမ်းအင်အား မလုံလောက်မှုနဲ့ အတူ မန်ချက်စတာ ယူနိုက်တက် ရဲ့ လိဒ်နဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယာလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ပြီး ဖြစ်ပါတယ်၊ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် ရဲ့နောက်ပွဲစဉ်ဟာ လာမယ့် အောက်တိုဘာ လဆန်းပိုင်းမှာမှ မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ အယ်တီဟတ်မှာ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ဖြစ်လာပါတယ်။
credit