အသင်းခေါင်းဆောင် ရာထူး အတွက် အသင့်တော်ဆုံး ကြယ်တစ်ပွင့်ကို အဲရစ် တန်ဟက်ဂ် ထုတ်ပြော

0
9673

Manchester United နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် က ယူရိုပါလိဂ် အုပ်စုပွဲစဥ် (၂) မှာ ရှရိဖ်အသင်းကို ၂-၀ ရလဒ်နဲ့ အနိုင် ကစားခဲ့ပြီးနောက် နောက်ခံလူ ရာဖေးလ် ဗာရန်း ကို ခေါင်းဆောင် အရည်အသွေး ပြည့်ဝသူလို့ ချီးမွမ်းလိုက်ပြီး အသင်းခေါင်းဆောင် ရာထူးအတွက် အသင့်တော်ဆုံး ဖြစ်ကြောင်း အရိပ်အမြွက် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။




Manchester United အသင်းဟာ ဒီရာသီ ရာဖေးလ် ဗာရန်း ပွဲထွက် ကစားပေးခဲ့တဲ့ ပွဲစဥ် (၅) ပွဲလုံးမှာ ရာနှုန််းပြည့် နိုင်ပွဲ ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်၊ ဒါ့အပြင် သူပွဲထွက် ကစားခဲ့တဲ့ ၄၉၅ မိနစ်မှာ ယူနိုက်တက်တို့ ပေးဂိုး နှစ်ဂိုးသာ ပေးခဲ့ရတာ ဖြစ်ပါတယ်။ ဗာရန်းဟာ Liverpool အသင်းကို ၂–၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာ ပွဲထွက်ခွင့် စတင်




ရရှိခဲ့တာ ဖြစ်ပြီး အဲ့ဒီနောက်မှာတော့ Manchester United နည်းပြ Erik Ten Hag က ရီးရဲလ်ဆိုဆီဒတ်နဲ့ ပွဲစဥ်က လွဲရင် တူညီတဲ့ ခံစစ် လေးဦးကိုပဲ အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်၊ယခုတော့ ရှရိဖ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲမှာ Clean Sheet နဲ့ အနိုင် ရရှိခဲ့ပြီးနောက် သူတို့ဟာ ဘောလုံးကိုင် ကစားတာ ကောင်းခဲ့ခြင်း၊ ခံစစ် ကစားပုံ ကောင်းမွန်ခြင်းတွေကြောင့်




ဂိုးမပေးခဲ့ရတာ ဖြစ်ကြောင်း ပြောကြားလိုက်ပြီး ရာဖေး ဗာရန်း ကိုလည်း ခေါင်းဆောင်လို့ အမွှမ်းတင်လိုက်ပါတယ်၊ ကျွန်တော်တို့ clean sheet ရတဲ့ အဓိကအကြောင််းအရင်းက ဘောလုံးကိုင် ကစားတာ ​ကောင်းခဲ့လို့ ခံစစ် ကစားပုံ ကောင်းခဲ့လို့ကြောင့်ပါ၊ ရာဖေးလ် ဗာရန်းက leader တစ်ယောက်ပါ၊ သူဟာ အသင်းဖော်တွေကို မှန်ကန််စွာ နေရာယူ ကစားအောင် ကူညီနိုင်ခဲ့ပါတယ်၊ သူဟာ မာတီနက်ဇ် နဲ့ အကောင်းဆုံး




အံဝင်အောင် တွဲဖက် ကစားပေးနိုင်သူပါပဲ၊ ပြီးတော့ ခံစစ်် အစွန်လူတွေကိုလည်း သူတို့ရဲ့ အလုပ်ကို အကောင်းဆုံး လုပ်ပေးနိုင်ခဲ့ကြပါတယ်၊ ဒီပွဲစဥ်ကို စတင်ခဲ့ရတာမှာ တကယ့်ကို ခက်ခဲခဲ့ပါတယ်၊ ပြိုင်ဖက် အသင်းဟာ တိုက်ရိုက် ကစားဟန်နဲ့အတူ အခွင့်အရေးတွေ ဖန်တီးရင်း ကျွန်တော်တို့ကို ဘောလုံး ဆုံးရှုံံးအောင် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်၊ ဒါပေမယ့်




ပွဲချိန်အနည််းငယ် ကြာမြင့်ချိန်မှာ ကျွန်တော်တို့ကစားကွက် ပြန်တည်ဆောက်နိုင်ခဲ့ပါတယ်၊ အထူးသဖြင့် ဘယ်ဖက် အခြမ်းမှာ ကျွန်တော်တို့ ပိုပြီး ကောင်းမွန်အောင် ကစားပေးနိုင်ခဲ့ကြတယ်၊ ဒါ့အပြင် ကျွန်တော်တို့ဟာ အလယ်ကြောကနေ ထိုးဖောက်ရင်း ခမ်းနားတဲ့ ဂိုးတစ်ဂိုးလည်း သွင်းယူနိုင်ခဲ့ကြပါတယ်၊ အဲ့ဒီကနေ စတင်ပြီး ကျွန်တော်တို့ ပွဲစဥ်ကို ပြန်လည်ဦးဆောင် နိုင်ခဲ့ကြပါတယ်။ လို့ တန်ဟက်ဂ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ်။

credit