ပရိသတ်ကြီးရေ အိမ့်ချစ်ကတော့ ပြီးခဲ့တဲ့ လက သူ့ရဲ့ပထမဆုံးသမီးဦးလေးကို မွေးဖွားခဲ့တာပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာနော်။ အိမ့်ချစ်ကတော့ သူ့ရဲ့သမီးလေးကိုလည်း တေးအမရာလှိုင်ဆိုပြီး အဓိပ္ပာယ်တွေများစွာနဲ့ နာမည်ပေးထားခဲ့သေးတယ်။ ဒီနေ့မှာလည်း အိမ့်ချစ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဗီဒီယိုလေးတစ်ခုကို မျှဝေလာခဲ့ပါတယ်။ ဗီဒီယိုလေးထဲမှာတော့ အိမ့်ချစ်က သူငယ်စဉ်က သူ့ရဲ့ ဖခင်ကြီးဖြစ်တဲ့ အဆိုတော်ကြီး ဦးချစ်ကောင်းက သူ့အတွက် သီဆိုခဲ့တဲ့ “စတော်ဘယ်ရီသမီးလေး” ဆိုတဲ့